Thursday 18 January 2024

I FEEL LIKE + (VERB-ING)


ကျနော်တို့ ရင်ထဲမှာ ဖြစ်ချင် လုပ်ချင်တဲ့ ဆန္ဒတစ်စုံတစ်ရာ ( a desire to do something) ပေါ်လာတဲ့အခါ အဲဒါကို ဖေါ်ပြချင်တဲ့အခါ ဒီပုံစံကို သုံးနိုင်ပါတယ် 
.
(1) I feel like talking.
ကျနော် စကားပြောချင်တယ်
(2) I feel like dancing.
ကျနော် ကချင်တယ်
 (3) I feel like going to the beach.
ကျနော် အပန်းဖြေ ကမ်းခြေကို သွားချင်တယ်
(4) I feel like going for a walk.
ကျနော် လမ်းလျှောက်ထွက် ချင်တယ်
(5) I feel like having a snack.
ကျနော် မုန့်စားချင်တယ်
(6) I feel like watching TV.
ကျနော် ရုပ်မြင်သံကြား ကြည့်ချင်တယ်
(7) I feel like having friends on Facebook.
ကျနော် Facebook မှာ သူငယ်ချင်းတွေ ရချင်တယ်
(8) I don't feel like leaving.
ကျနော် ထွက်မသွားချင်ဘူး
(9) I don't feel like explaining.
ကျနော် ရှင်းမပြချင်ဘူး
(10) I do not feel comfortable talking about it.
အဲဒါနဲ့ ပတ်သက်ပြီး ပြောရတာ စိတ်သက်သက်သာသာ မဖြစ်ဘူး (စိတ်မသက်မသာ ဖြစ်ရတယ်)
(11) I do not feel like we are going in the right direction towards democracy.
ကျနော်တို့ ဒီမိုကရေစီဆီကို မှန်ကန်တဲ့လမ်းကြောင်းမှာ သွားနေတယ်လို့ မခံစားရဘူး (ဒီဝါကျမှာက ဘာကြောင့်လို့ သေချာ ပြောမပြတတ်ပဲ ခံစားရတာမျိုး)
…………………….
 I feel like.. နဲ့ I want to .. ရဲ့ကွာခြားချက်ကို ရှာကြည့်တော့ ဒီလိုတွေ့ထားပါတယ်
.
I feel like.. က ခံစားချက်ကို ပြောချင်တာဖြစ်တယ် ၊ ဖြစ်နိုင်ခြေကို ထည့်စဉ်းစားမျိုး မဟုတ်ဘူး ၊ စိတ်ထဲမှာ ပေါ်လာတဲ့ ဆန္ဒကို ဖေါ်ပြတာပဲဖြစ်တယ် ။ ခံစားမှု feeling ကို အသားပေးချင်တဲ့အခါ သုံးမယ် ။
I feel like being an artist. 
ကျနော် အနုပညာရှင်တစ်ယောက် ဖြစ်ချင်တယ် (အနုပညာကိုချစ်လို့ ၊ ဒီအလုပ်ကို လုပ်ဖြစ်ချင်မှလုပ်မယ်)
.
I want to ..  ရည်ရွယ်ချက်ကိုဖေါ်ပြတာဖြစ်တယ် ၊ နှလုံးသားကခံစားချက်ဆိုတာထက် ဦးနှောက်စဉ်းစားမှုအရ လုပ်ချင်တာဖြစ်တယ် .. 
I want to be a business man. 
ကျနော် စီပွားရေးသမားတစ်ယောက် ဖြစ်ချင်တယ် (ပိုက်ဆံများများသုံးလို့ရမယ်လေ)
.
နှလုံးသားအတွက်ဆို feel ၊ ဦးနှောက်အတွက်ဆို want လို့ လွယ်လွယ် သိလိုက်ပါ ..
…………… 
ဆန္ဒ တစ်စုံတရာ ပေါ်လာတဲ့အခါ ပြောလို့ရသွားပြီပေါ့
.
မေတ္တာဖြင့် <3
Credit...Saya Win Naing Oo

No comments:

Post a Comment