Wednesday 17 January 2024

လေ့လာမယ် လေ့ကျင့်မယ်

1. As much as I could - ငါတတ်နိုင်သလောက်တော့
1. As much as I could, I study every day to improve my knowledge.
2. As much as I could, I help my neighbors with their gardening.
3. As much as I could, I practice mindfulness to stay focused and calm.
4. As much as I could, I contribute to local charities to support my community.
5. As much as I could, I attend workshops to enhance my professional skills.
1. ငါတတ်နိုင်သလောက်တော့ ဗဟုသုတတိုးတက်ဖို့  နေ့တိုင်းကို လေ့လာသင်ယူတယ်။
2. ငါတတ်နိုင်သလောက်တော့ အိမ်နီးနားချင်းတွေကို သူတို့ရဲ့ ဥယျာဉ်ခြံမြေတွေမှာ ကူညီပေးတယ်။
3. ငါတတ်နိုင်သလောက်တော့ အာရုံကို တည်ငြိမ်အောင်
သတိပဋ္ဌာန် လေ့ကျင့်တယ်။
4. ငါတတ်နိုင်သလောက်တော့ ကိုယ့်ရပ်ရွာကို ထောက်ပံ့ဖို့ ဒေသခံပရဟိတကို လှူတန်းပါတယ်။
5. ငါတတ်နိုင်သလောက်တော့ ကျွမ်းကျင်မှုစွမ်းရည်မြှင့်တင်ဖို့ အလုပ်ရုံဆွေးနွေးပွဲများတွေကို တက်ရောက်ပါတယ်။

2. It's easy to - လွယ်ကူပါတယ်
1. It's easy to understand the concept.
2. It's easy to cook a simple meal.
3. It's easy to find information online.
4. It's easy to use this software.
5. It's easy to make friends in this community.
1. သဘောတရားကို နားလည်ဖို့ လွယ်ကူပါတယ်။
2. ရိုးရှင်းသော ဟင်းချက်ဖို့ လွယ်ကူသည်။
3. သတင်းအချက်အလက်ကို အွန်လိုင်းတွင် ရှာဖွေဖို့ လွယ်ကူပါတယ်။
4. ဒီဆော့ဖ်ဝဲကို အသုံးပြုဖို့ လွယ်ကူပါတယ်။
5. ဒီအသိုင်းအဝိုင်းမှာ မိတ်ဆွေဖွဲ့ဖို့ လွယ်ကူပါတယ်။

3. Help yourself to ကိုယ့်ဘာကိုယ် ကြိုက်တာ ယူစားပါ
1. Help yourself to some dessert.
2. Help yourself to some steak.
3. Help yourself to the refrigerator.
4. Help yourself to some shrimp.
5. Help yourself to some cake.
1. ကိုယ့်ဘာကိုယ် အချိုပွဲ ကြိုက်တာ ယူစားပါ။
2. ကိုယ့်ဘာကိုယ် အသားကင် ကြိုက်တာ ယူစားပါ။
3. ကိုယ့်ဘာကိုယ် ရေခဲသေတ္တာထဲ ကြိုက်တာ ယူစားပါ။
4. ကိုယ့်ဘာကိုယ် ပုဇွန် ကြိုက်တာ ယူစားပါ။
5. ကိုယ့်ဘာကိုယ် ကိတ်မုန့် ကြိုက်တာ ယူစားပါ။

4. I don’t want you to leave + adj - ... ပြန်သွားတာ မဖြစ်စေချင်ဘူး။
1. I don’t want you to leave hungry.
2. I don't want you to leave dissatisfied.
3. I don't want you to leave empty-handed.
4. I don't want you to leave confused.
5. I don't want you to leave so suddenly.
1. မင်းဗိုက်ဆာနေပြီး ပြန်သွားတာ မဖြစ်စေချင်ဘူး။
2. မင်းမကျေမနပ်ဖြစ်ပြီး ပြန်သွားတာ မဖြစ်စေချင်ဘူး။
3. မင်းကို လက်ဗလာနဲ့ ပြန်သွားတာ မဖြစ်စေချင်ဘူး။
4. မင်းစိတ်ရှုပ်ပြီး ပြန်သွားတာကို မဖြစ်စေချင်ဘူး။
5. မင်းကိုရုတ်တရက် ပြန်သွားတာကို မဖြစ်စေချင်ဘူး။

5. not only… but also… သာမက... လည်ပဲ
1. The solution is not only effective but also cost-efficient.
2. I am not only a student but also a part-time worker.
3. She is not only a teacher but also a talented musician.
4. He is not only humorous, but also patient.
5. He is not only a good leader, but also an eloquent speaker.
1. ဖြေရှင်းချက်သည် ထိရောက်ရုံသာမက ကုန်ကျစရိတ်လည်း သက်သာပါသည်။
2. ကျွန်တော်သည် ကျောင်းသားတစ်ဦးသာမက အချိန်ပိုင်းအလုပ်သမားတစ်ဦးလည်းဖြစ်သည်။
3. သူမသည် ဆရာတစ်ဦးသာမက ဂီတပညာရှင်တစ်ဦးလည်းဖြစ်တယ်။
4. သူက ဟာသတင်ညဏ်ရွှင်ရုံမက စိတ်လည်ရှည်တယ်။
5. သူသည် ခေါင်းဆောင်ကောင်းတစ်ဦးသာမက စကားလည်းပြောတတ်သူဖြစ်တယ်။

6. I prefer + Ving ပို့ကြိုက်တယ်
1. I prefer reading books to watching TV.
2. I prefer studying in a quiet environment.
3. I prefer using a pen instead of a pencil.
4. I prefer traveling by train rather than by bus.
5. I prefer wearing casual clothes on weekends.
1. တီဗီကြည့်တာထက် စာအုပ်ဖတ်ရတာ ပိုကြိုက်တယ်။
2. တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ စာသင်ရတာ ပိုကြိုက်တယ်။
3. ခဲတံအစား ဘောပင်ကို သုံးရတာ ပိုကြိုက်တယ်။
4. ဘတ်စ်ကားစီးတာထက် ရထားနဲ့ ခရီးသွားရတာ ပိုကြိုက်တယ်။
5. တနင်္ဂနွေ ပိတ်ရက်တွေမှာ ပေါ့ပေါ့ပါးပါး ဝတ်ရတာ ပိုကြိုက်တယ်။

7. Keep in mind that - မှတ်သားထားပါ
1. Keep in mind that humans breathe in oxygen and exhale carbon dioxide.
2. Keep in mind that gravity pulls objects toward the Earth.
3. Keep in mind that plants need sunlight to grow.
4. Keep in mind that water boils at 100 degrees Celsius.
5. Keep in mind that the Earth orbits the sun.
1. လူသားများသည် အောက်ဆီဂျင်ကို ရှူရှိုက်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ်ကြောင်း မှတ်သားထားပါ။
2. ဒြပ်ဆွဲအားသည် အရာဝတ္ထုများကို ကမ္ဘာဆီသို့ ဆွဲယူကြောင်း မှတ်သားထားပါ။
3. အပင်ကြီးထွားဖို့ နေရောင်ခြည်လိုအပ်ကြောင်း မှတ်သားထားပါ။
4. ရေ 100 ဒီဂရီစင်တီဂရိတ်မှာ ပွက်ပွက်ဆူနေတယ်ဆိုတာ မှတ်သားထားပါ။
5. ကမ္ဘာသည် နေကို လှည့်ပတ်ကြောင်း မှတ်သားထားပါ။

8. I can’t help + Ving - မလုပ်ပဲမနေနိုင်
1. I can’t help laughing every time I think of that.
2. I can’t help drinking coffee every morning.
3. I can't help thinking about the future.
4. I can't help noticing the beautiful sunset.
5. I can't help feeling excited before the trip.
1. အဲဒါကို တွေးမိတိုင်း မရယ်ပဲ မနေနိုင်ဘူး။
2. မနက်တိုင်း ကော်ဖီမသောက်ပဲ မနေနိုင်ဘူး။
3. အနာဂတ်အကြောင်း မတွေးပဲ မနေနိုင်ဘူး။
4. လှပတဲ့ နေဝင်ချိန်ကို သတိမထားပဲ မနေနိုင်ဘူး။
5. ခရီးမစခင်မှာ စိတ်မလှုပ်ရှားပဲ မနေနိုင်ဘူး။

9. But this doesn’t mean that - သော်လည်း... မဆိုလိုပါ
1. The bus arrives on time every day, but this doesn't mean that it's never delayed.
2. I drink coffee in the morning, but this doesn't mean that I can't function without it.
3. The company provides training for employees, but this doesn't mean that everyone is equally skilled.
4. The sun rises every morning, but this doesn't mean that it's always sunny.
5. She practices yoga regularly, but this doesn't mean that she is always calm.
1. ဘတ်စ်ကားသည် နေ့တိုင်း အချိန်မှန်ရောက်ရှိသော်လည်း မည်သည့်အခါမျှ နှောင့်နှေးခြင်းမရှိဘူးလို့ မဆိုလိုပါ။
2. မနက်ခင်းမှာ ကော်ဖီသောက်သော်လဲ ကော်ဖီမသောက်ဘဲ အလုပ်မလုပ်နိုင်ဘူးလို့ မဆိုလိုပါ။
3. ကုမ္ပဏီသည် ဝန်ထမ်းများအား သင်တန်းများပေးသော်လည်း လူတိုင်းသည် သာတူညီမျှကျွမ်းကျင်မှုရှိတယ်လို့ မဆိုလိုပါ။
4. မနက်တိုင်း နေထွက်သော်လည်း အမြဲတမ်းနေသာတယ်လို့ မဆိုလိုပါ။
5. သူမသည် ယောဂကို မှန်မှန်လေ့ကျင့်သော်လည်း အမြဲတမ်း တည်ငြိမ်တယ်လို့ မဆိုလိုပါ။

10. By the way - စကားမစပ်၊ ပြောရရင်
1. By the way, he always drinks tea in the morning.
2. By the way, it rains frequently in that region.
3. By the way, he plays the guitar skillfully.
4. By the way, they visit their grandparents every weekend.
5. By the way, the sun rises in the east.
1. စကားမစပ်၊ သူက မနက်ခင်းမှာ လက်ဖက်ရည် အမြဲသောက်တယ်။
2. ပြောရရင် အဲဒီဒေသမှာ မိုးမကြာခဏရွာတယ်။
3. စကားမစပ်၊ သူက ဂစ်တာကို ကျွမ်းကျွမ်းကျင်ကျင်တီးတတ်တယ်။
4. စကားမစပ်၊ အပတ်တိုင်း သူတို့ရဲ့ အဘိုးအဘွားတွေကို သွားလည်တယ်။
5. စကားမစပ်၊ အရှေ့ဘက်တွင် နေထွက်တယ်။

11. I think it is - ထင်ပါတယ်
1. I think it is important to prioritize mental health.
2. I think it is necessary to communicate openly in relationships.
3. I think it is essential to maintain a healthy work-life balance. 
4. I think it is valuable to learn from both success and failure.
5. I think it is necessary to embrace diversity and inclusion.
1. စိတ်ကျန်းမာရေးကို ဦးစားပေးဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။
2. ဆက်ဆံရေးမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။
3. ကောင်းမွန် ကျန်းမာတဲ့ အလုပ်-ဘဝ ဟန်ချက်ညီဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။
4. အောင်မြင်မှုနဲ့ ကျရှုံးမှုကနေ သင်ယူရတာ တန်ဖိုးရှိတယ်လို့ ထင်ပါတယ်။
5. မတူကွဲပြားမှုနဲ့ ပေါင်းစည်းမှုကို လက်ခံဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။

12. Don’t ever - ဘယ်တော့မှ ---ပါနဲ့
1. Don't ever underestimate the power of kindness.
2. Don't ever doubt your ability to achieve your goals.
3. Don't ever neglect self-care for others' expectations.
4. Don't ever hesitate to ask for help when needed.
5. Don't ever ignore the lessons life teaches you.
6. Don't ever compromise your values for popularity.
1. ကြင်နာမှုစွမ်းအားကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။
2. မင်းရဲ့ပန်းတိုင်ကို ရောက်ဖို့ မင်းရဲ့စွမ်းရည်ကို ဘယ်တော့မှသံသယမ၀င်ပါနဲ့။
3. အခြားသူများ၏ မျှော်လင့်ချက်များအတွက် မိမိကိုယ်ကို ဂရုစိုက်မှုကို ဘယ်တော့မှ လစ်လျူမရှုပါနဲ့။
4. လိုအပ်တဲ့အခါ အကူအညီတောင်းဖို့ ဘယ်တော့မှ တုံ့ဆိုင်းမနေပါနဲ့။
5. ဘဝကသင်ပေးတဲ့ သင်ခန်းစာတွေကို ဘယ်တော့မှ လျစ်လျူမရှုပါနဲ့။
6. ကျော်ကြားမှုအတွက် မင်းရဲ့တန်ဖိုးတွေကို ဘယ်တော့မှ အလျှော့မပေးပါနဲ့။

13. It's time to - အချိန်တန်ပြီ၊ အချိန်ရောက်ပြီး၊ အချိန်ကျပြီး
1. It's time to start the meeting.
2. It's time to wake up and get ready for the day.
3. It's time to clean the house.
4. It's time to take a break.
5. It's time to water the plants.
1. အစည်းအဝေး စတင်ဖို့ အချိန်တန်ပြီ။
2. တစ်နေ့တာအတွက် နိုးထပြီးပြင်ဆင်ဖို့ အချိန်တန်ပြီ။
3. အိမ်ကို သန့်ရှင်းရေးလုပ်ဖို့ အချိန်တန်ပြီ။
4. အနားယူဖို့ အချိန်တန်ပြီ။
5.  အပင်တွေကို ရေလောင်းဖို့ အချိန်တန်ပြီ။

14. It's necessary to - လိုအပ်တယ်
1. It's necessary to complete the assigned tasks on time.
2. It's necessary to follow the safety guidelines in the laboratory.
3. It's necessary to submit the application before the deadline.
4. It's necessary to double-check the details before finalizing the report.
5. It's necessary to review the contract before signing.
1. ပေးအပ်ထားသော အလုပ်တာဝန်များကို အချိန်မီ ပြီးမြောက်ဖို့ လိုအပ်ပါတယ်။
2. ဓာတ်ခွဲခန်းရှိ ဘေးကင်းရေး လမ်းညွှန်ချက်များကို လိုက်နာဖို့ လိုအပ်ပါတယ်။
3. နောက်ဆုံးနေ့မတိုင်မီ လျှောက်လွှာတင်သွင်းဖို့ လိုအပ်ပါတယ်။
4. အစီရင်ခံစာကို အပြီးသတ်ခြင်းမပြုမီ အသေးစိတ်အချက်အလက်များကို ဒုတိယအကြိမ်
ထပ်စစ်ဖို့ လိုအပ်ပါတယ်။
5. စာချုပ်မချုပ်ဆိုမီ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။

15. Want to - ချင်ပါတယ်
1. I want to learn a new skill.
2. I want to improve my communication skills.
3. I want to save money for a future goal.
4. I want to spend more time with family.
5. I want to organize my closet.
1. ကျွမ်းကျင်မှု အသစ်တစ်ခုကို သင်ယူ ချင်ပါတယ်။
2. ငါ့ရဲ့ ဆက်သွယ်မှုစွမ်းရည်ကို မြှင့်တင် ချင်ပါတယ်။
3. အနာဂတ်ရည်မှန်းချက်အတွက် ပိုက်ဆံ စုချင်ပါတယ်။
4. မိသားစုနဲ့ အချိန်ပိုပေး ချင်ပါတယ်။
5. ငါ့ဗီရိုကို စနစ်တကျ ပြန်ရှင်း ချင်ပါတယ်။

16. I am not in the mood for - ငါစိတ်မ၀င်စားဘူး
1. I am not in the mood for having a conversation with you.
2. I am not in the mood for spicy food.
3. I am not in the mood for making decisions right now.
4. I am not in the mood for exercising today.
5. I am not in the mood for going out; I prefer staying in.
1. ငါ မင်းနဲ့ စကားပြောဖို့ စိတ်မ၀င်စားဘူး။
2. စပ်တဲ့ အစားအစာကို စိတ်မဝင်စားဘူး။
3. ငါ အခု ဆုံးဖြတ်ချက်တွေချဖို့ စိတ်မ၀င်စားဘူး။
4. ဒီနေ့ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မ၀င်စားဘူး။
5. အပြင်ထွက်ဖို့ စိတ်မ၀င်စားဘူး။  အထဲမှာပဲ နေရတာ ပိုကြိုက်တယ်။

17. Are you trying to - ကြိုးစားနေလား
1. Are you trying to learn a new language?
2. Are you trying to improve your cooking skills?
3. Are you trying to find a solution to the problem?
4. Are you trying to make a positive impact in your community?
5. Are you trying to create a more organized workspace?
1. ဘာသာစကားအသစ်တစ်ခုကို သင်ယူဖို့ ကြိုးစားနေလား။
2. မင်းရဲ့ချက်ပြုတ်မှုစွမ်းရည်ကို မြှင့်တင်ဖို့ ကြိုးစားနေလား။
3. ပြဿနာအတွက် အဖြေရှာဖို့ ကြိုးစားနေလား။
4. မင်းအသိုင်းအဝိုင်းမှာ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများပြုလုပ်ဖို့ ကြိုးစားနေလား။
5. ပိုမိုစနစ်ကျသော အလုပ်ခွင်တစ်ခု ဖန်တီးဖို့ သင်ကြိုးစားနေပါလား။

18. I can't wait to - မစောင့်နိုင်တော့ဘူး
1. I can't wait to see you again.
2. I can't wait to attend the concert next month.
3. I can't wait to explore new places and cultures.
4. I can't wait to meet the new team members.
5. I can't wait to watch the upcoming movie release.
1. မင်းကို ပြန်တွေ့ရဖို့ မစောင့်နိုင်တော့ဘူး။
2. နောက်လ ဖျော်ဖြေပွဲတက်ဖို့ မစောင့်နိုင်တော့ဘူး။
3. နေရာအသစ်တွေနဲ့ ယဉ်ကျေးမှုတွေကို စူးစမ်းဖို့ မစောင့်နိုင်တော့ဘူး။
4. အသင်းသားအသစ်တွေနဲ့တွေ့ဖို့ မစောင့်နိုင်တော့ဘူး။
5. ရုံတင်တော့မယ့် ဇာတ်ကားကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး။

19. It's difficult to - ခက်ခဲပါတယ်
1. It's difficult to understand complex theories without proper guidance.
2. It's difficult to maintain focus during long and tedious meetings.
3. It's difficult to stay calm when faced with unexpected challenges.
4. It's difficult to please everyone with a decision in a diverse group.
5. It's difficult to admit when we've made a mistake.
1. မှန်ကန်သောလမ်းညွှန်မှုမရှိဘဲ ရှုပ်ထွေးသောသီအိုရီများကို နားလည်ဖို့ ခက်ခဲပါတယ်။
2. ရှည်လျားပြီး ပျင်းစရာကောင်းသော အစည်းအဝေးများအတွင်း အာရုံစူးစိုက်မှုကို ထိန်းသိမ်းဖို့ ခက်ခဲပါတယ်။
3. မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အေးအေးဆေးဆေးနေဖို့ ခက်ခဲပါတယ်။
4. မတူကွဲပြားသောအုပ်စုတစ်ခုရှိ ဆုံးဖြတ်ချက်တစ်ခုကို လူတိုင်းကျေနပ်စေဖို့ ခက်ခဲပါတယ်။
5. အမှားလုပ်မိတဲ့အခါ ဝန်ခံဖို့ခက်ခဲပါတယ်။

20. I am here to - ဒီမှာရှိတယ်၊ ဒီကိုရောက်နေတယ်
1. I am here to assist you with any questions you may have.
2. I am here to support you in your endeavors.
3. I am here to attend the scheduled meeting.
4. I am here to learn and contribute to the team.
5. I am here to participate in the workshop.
1. မင်းမေးစရာ မေးခွန်းတွေအတွက် မင်းကိုကူညီဖို့ ငါဒီမှာရှိတယ်။
2. မင်းရဲ့ကြိုးစားအားထုတ်မှုမှာ ထောက်ခံဖို့ ငါဒီမှာရှိတယ်။
3. စီစဉ်ထားတဲ့ အစည်းအဝေးကို တက်ရောက်ဖို့ ငါဒီကို ရောက်နေပါတယ်။
4. အသင်းကို လေ့လာပြီး ပါဝင်ကူညီဖို့ ငါဒီကို ရောက်နေပါတယ်။
5. အလုပ်ရုံဆွေးနွေးပွဲမှာ ပါဝင်ဖို့ ငါဒီကို ရောက်နေပါတယ်။

21. There is a way - နည်းလမ်းရှိပါတယ်
1. There is a way to solve this problem.
2. There is a way to improve your skills.
3. There is a way to overcome challenges.
4. There is a way to learn new things every day.
5. There is a way to build strong relationships.
1. ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှိပါတယ်။
2. မင်းရဲ့အရည်အချင်းတွေကို မြှင့်တင်ဖို့ နည်းလမ်းရှိပါတယ်။
3. စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ နည်းလမ်းရှိပါတယ်။
4. နေ့တိုင်း အသစ်အဆန်းတွေကို လေ့လာဖို့ နည်းလမ်းရှိပါတယ်။
5. ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ နည်းလမ်းရှိပါတယ်။

22. How about + Ving - ဘယ်လိုသဘောရလဲ ကောင်းမလား၊ 
1. How about trying the new restaurant downtown?
2. How about going for a walk in the park this evening?
3. How about starting the meeting a bit earlier?
4. How about watching a movie together tonight?
5. How about trying a new recipe for dinner?
1. မြို့လယ်က စားသောက်ဆိုင်အသစ်မှာ သွားစားကြည့်ရင် ကောင်းမလား။
2. ဒီည ပန်းခြံထဲမှာ လမ်းလျှောက်ရင် ဘယ်လိုသဘောရလဲ။
3. အစည်းအဝေးကို နည်းနည်းစောပြီး စရင် ကောင်းမလား။
4. ဒီည ရုပ်ရှင်အတူတူကြည့်ရင် ကောင်းမလား။
5. ညစာအတွက် ဟင်းချက်နည်းအသစ်ကို စမ်းကြည့်ရင် ကောင်းမလား။

23. Don't + V1 - ပါနဲ့
1. Don't forget to set your alarm for tomorrow morning.
2. Don't hesitate to ask for help if you need it.
3. Don't procrastinate; start working on your tasks now.
4. Don't dwell on past mistakes; use them as learning opportunities.
5. Don't give up on your goals; persistence leads to success.
1. မနက်ဖြန်မနက်အတွက် နှိုးစက်သတ်မှတ်ဖို့ မမေ့ပါနဲ့။
2. လိုအပ်ရင် အကူအညီတောင်းဖို့ တုံ့ဆိုင်းမနေပါနဲ့။
3. အချိန်မဆွဲပါနှင့်။  မင်းရဲ့အလုပ်တွေကို ယခုစတင်လုပ်ဆောင်ပါ။
4. အတိတ်က အမှားတွေကို တွယ်တာမနေပါနဲ့။  သင်ယူမှုအခွင့်အလမ်းများအဖြစ် ၎င်းတို့ကို အသုံးပြုပါ။
5. မင်းရဲ့ပန်းတိုင်တွေကို အရှုံးမပေးပါနဲ့။  ဇွဲရှိခြင်းသည် အောင်မြင်မှုဆီသို့ ဦးတည်တယ်။

24. No need to - မလိုပါ
1. No need to worry about the deadline; it's been extended.
2. No need to hurry; we have plenty of time.
3. No need to explain; I understand your perspective.
4. No need to search further; I found the missing document.
5. No need to guess; I'll tell you the answer.
1. သတ်မှတ်နောက်ဆုံးရက်အတွက် စိတ်ပူစရာမလိုပါ။  သက်တမ်းထပ်တိုးထားတယ်။
2. အလျင်လိုစရာ မလိုပါ။ ငါတို့မှာ အချိန်အများကြီးရှိတယ်။
3. ရှင်းပြစရာ မလိုပါ။  မင်းရဲ့အမြင်ကို ငါနားလည်ပါတယ်။
4. နောက်ထပ်ရှာဖွေစရာ မလိုပါ။ ပျောက်နေတဲ့
စာရွက်စာတမ်ကို ပြန်တွေ့ပြီး။
5. ခန့်မှန်းစရာ မလိုပါ။  အဖြေကိုပြောပြမယ်။

25. Have to - ရမယ်
1. I have to finish my homework before dinner.
2. I have to wake up early for work tomorrow.
3. I have to take my car for maintenance.
4. I have to finish reading the book by next week.
5. I have to update my resume.
1. ညစာမစားခင် အိမ်စာတွေ ပြီးအောင် လုပ်ရမယ်။
2. မနက်ဖြန် အလုပ်အတွက် စောစော ထရမယ်။
3. ငါ့ကားကို ပြုပြင်ထိန်းသိမ်းရမယ်။
4. နောက်တစ်ပတ်လောက်မှ စာအုပ်ကို ပြီးအောင်ဖတ်ရမယ်။
5. ငါ့ကိုယ်ရေးရာဇဝင်ကို အပ်ဒိတ် လုပ်ရမယ်။

26. About to - တော့မယ်
1. I'm about to leave for work.
2. I'm about to start my morning routine.
3. I'm about to meet a friend for coffee.
4. I'm about to submit my application.
5. I'm about to attend a virtual meeting.
1. အလုပ် ထွက်တော့မယ်။
2. မနက်ပိုင်းလုပ်ရိုးလုပ်စဉ်အလုပ်ကို စတင်ပါတော့မယ်။
3. ကော်ဖီသောက်ဖို့ သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့တော့မယ်။
4. ငါလျှောက်လွှာ တင်တော့မယ်။
5. အတုအယောင် အစည်းအဝေးတစ်ခု တက်တော့မယ်။

27. Feel free to - လွတ်လပ်စွာ၊ အခမဲ့၊ အားမနာပါနဲ့၊ စိတ်ကြိုက်
1. Feel free to ask any questions you may have.
2. Feel free to share your thoughts during the discussion.
3. Feel free to connect with team members for support.
4. Feel free to attend the meeting at your convenience.
5. Feel free to attend workshops that interest you.
1. မင်းမှာ ရှိနိုင်တဲ့မေးခွန်းများကို လွတ်လပ်စွာ မေးပါ။
2. ဆွေးနွေးပွဲအတွင်း မင်းရဲ့အတွေးအမြင်တွေကို လွတ်လပ်စွာ မျှဝေပါ။
3. ပံ့ပိုးကူညီမှုအတွက် အဖွဲ့၀င်များနှင့် ချိတ်ဆက်ဖို့ အားမနာပါ။
4. မင်းအဆင်ပြေသလို အစည်းအဝေးကို လွတ်လွတ်လပ်လပ် တက်ရောက်နိုင်ပါတယ်။
5. စိတ်ပါဝင်စားတဲ့ အလုပ်ရုံဆွေးနွေးပွဲများကို လွတ်လပ်စွာ တက်ရောက်နိုင်ပါသည်။

28. I have nothing to ငါ့မှာ မရှိပါ
1. I have nothing to hide.
2. I have nothing to fear.
3. I have nothing to prove.
4. I have nothing to lose.
5. I have nothing to worry about.
1. ငါ့မှာ ဖုံးကွယ်စရာ မရှိပါ။
2. ငါ့မှာ ကြောက်စရာ မရှိပါ။
3. ငါ့မှာ သက်သေပြစရာ မရှိပါ။
4. ငါ့မှာ ဆုံးရှုံးစရာ မရှိပါ။
5. ငါ့မှာ စိတ်ပူစရာ မရှိပါ။

29. It is better to - ပို​ကောင်း​တယ်
1. It is better to be early for the meeting.
2. It is better to apologize than to ignore the mistake.
3. It is better to save money for the future.
4. It is better to exercise regularly for good health.
5. It is better to learn from your mistakes.
1. အစည်းအ​ဝေး​ စော​စော​ရောက်​တာ ပို​ကောင်း​တယ်။
2. အမှားကို လျစ်လျူရှုတာထက် တောင်းပန်တာက ပိုကောင်းပါတယ်။
3. အနာဂတ်အတွက် ငွေစုတာက ပိုကောင်းပါတယ်။
4. ကျန်းမာရေးကောင်းဖို့အတွက် လေ့ကျင့်ခန်းပုံမှန်လုပ်တာက ပိုကောင်းပါတယ်။
5. အမှားတွေကနေ သင်ခန်းစာယူတာက ပိုကောင်းပါတယ်။

30. I am the person who - ငါဟာ --- သူပါ
1. I am the person who values honesty.
2. I am the person who enjoys learning new things.
3. I am the person who appreciates a good sense of humor.
4. I am the person who loves spending time outdoors.
5. I am the person who takes responsibility for my actions.
1. ငါဟာ ရိုးသားမှုကို တန်ဖိုးထားတတ်တဲ့သူပါ။
2. ငါဟာ အသစ်အဆန်းတွေကို သင်ယူရတာ နှစ်သက်တဲ့သူပါ။
3. ငါဟာ ဟာသဥာဏ်ကောင်းသူကို တန်ဖိုးထားတတ်တဲ့သူပါ။
4. ငါဟာ အပြင်မှာ အချိန်ဖြုန်းရတာကို နှစ်သက်တဲ့သူပါ။
5. ငါဟာ ငါ့ရဲ့လုပ်ရပ်အတွက် တာဝန်ယူတတ် တဲ့သူပါ။

31. I don´t like being + V3 ခံရတာကို မကြိုက်ပါ
1. I don't like being criticized.
2. I don't like being ignored. 
3. I don't like being interrupted. 
4. I don't like being manipulated. 
5. I don't like being betrayed. 
1. အပြစ်ရှာဝေဖန်ခံရတာကို မကြိုက်ဘူး။
2. လျစ်လျူရှုခံရတာကို မကြိုက်ဘူး။
3. ကြားဖြတ်ပြောဆိုတာ၊ နှောက်ယှက်ခံရတာကို မကြိုက်ဘူး။
4. ကြိုးကိုင်ခြယ်လှည်ခံရတာကို မကြိုက်ဘူး။
5. သစ္စာဖောက်ခံရတာကို မကြိုက်ဘူး။

32. Are you sure...? - ... သေချာလား
1. Are you sure this is the right way to go?
2. Are you sure you want to make that decision?
3. Are you sure you locked the front door?
4. Are you sure you turned off the oven?
5. Are you sure you want to quit your job?
1. ဒါက မှန်ကန်တဲ့လမ်းဖြစ်တယ်ဆိုတာ သေချာလား။
2. အဲ့ဒီဆုံးဖြတ်ချက်ကို ချမှတ်ချင်တာ သေချာလား။
3. အိမ်ရှေ့တံခါးကို သော့ခတ်ထားခဲ့တာ သေချာလား။
4. မီးဖိုကို ပိတ်ထားခဲ့တာ သေချာလား။
5. မင်းအလုပ်က ထွက်ချင်တာ သေချာလား?

33. It is likely - ဖြစ်နိုင်ဖွယ် ဖြစ်သော၊ အလားအလာ ရှိသော
1. It is likely to rain tomorrow.
2. It is likely to require additional resources.
3. It is likely to be a significant milestone.
4. It is likely to affect the stock market.
5. It is likely to impact the economy.
1. မနက်ဖြန် မိုးရွာနိုင်ဖွယ်ရှိတယ်။
2. ထပ်လောင်းရင်းမြစ်များ လိုအပ်နိုင်ဖွယ်ရှိတယ်။
3. သိသာထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်ဖွယ်ရှိတယ်။
4. စတော့ဈေးကွက်ကို ထိခိုက်နိုင်ဖွယ်ရှိတယ်။
5. စီးပွားရေးကို ထိခိုက်နိုင်ဖွယ်ရှိတယ်။

34. Blessed is the person who - ထိုသူသည် မင်္ဂလာရှိ၏
1. Blessed is the person who counts their blessings.
2. Blessed is the person who shows kindness to others.
3. Blessed is the person who practices gratitude daily.
4. Blessed is the person who forgives others.
5. Blessed is the person who treats everyone with respect.
1. ကောင်းချီးများကို ရေတွက်သော သူသည် မင်္ဂလာရှိ၏။
2. သူတစ်ပါးကို ကြင်နာသနားတတ်သောသူသည် မင်္ဂလာရှိ၏။
3. ကျေးဇူးတရားကို နေ့စဉ် ကျင့်သောသူသည် မင်္ဂလာရှိ၏။
4. သူတစ်ပါးကို ခွင့်လွှတ်တတ်သောသူသည် မင်္ဂလာရှိ၏။
5. လူတိုင်းကို လေးလေးစားစား ဆက်ဆံတတ်သူသည် မင်္ဂလာရှိ၏။

35. No matter what happens - ဘာပဲဖြစ်ဖြစ်
1. No matter what happens, I always start my day with a cup of coffee.
2. No matter what people say, she stays true to her values.
3. No matter what the outcome, he remains calm in high-pressure situations.
4. No matter what people think, he follows his passion for art.
5. No matter what challenges arise, they find solutions as a team.
1. ဘာပဲဖြစ်​ဖြစ်​ ကျွန်​​တော်​က​တော့ ကျွန်​​တော့်​ရဲ့တစ်​​နေ့တာကို ​ကော်​ဖီတစ်​ခွက်​နဲ့စတယ်​။
2. လူတွေဘာပဲပြောပြော၊ သူ့မတန်ဖိုးတွေကို သစ္စာစောင့်တယ်။
3. ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ ဖိအားများတဲ့အခြေအနေမှာ အေးအေးဆေးဆေးနေတယ်။
4. လူတွေက ဘယ်လိုပဲထင်မြင်မြင် သူဝါသနာပါရာအနုပညာကို လိုက်စားတယ်။
5. ဘယ်လိုစိန်ခေါ်မှုတွေ ကြုံလာပါစေ အဖွဲ့လိုက် အဖြေရှာကြတယ်။

36. Do you carry this in...? ဒီဟာ... ရှိလား
1. Do you carry this in black?
2. Do you carry this in a larger size?
3. Do you carry this in a different brand?
4. Do you carry this in a discounted version?
5. Do you carry this in other colors?
1. ဒီဟာ အနက်ရောင် ရှိလား။
2. ဒီဟာ ဒီထက်ကြီးတဲ့ အရွယ်အစား ရှိလား။
3. ဒီဟာ တခြားတံဆိပ် ရှိလား။
4. ဒီဟာ လျှော့စျေး ရှိလား။
5. ဒီဟာ တခြားအရောင် ရှိလား။

Do you have this in medium?
ဒီဟာ အရွယ်အလတ်စားထဲက ရှိလား။

37. Do you have… available? ခင်းဗျားမှာ... ရှိလား
1. Do you have any single rooms available?
2. Do you have any tickets available?
3. Do you have any seats available?
4. Do you have the document available?
5. Do you have any books available?
1. ခင်ဗျားမှာ တစ်ယောက်ခန်း ရှိသေးလား။
2. ခင်ဗျားမှာ လက်မှတ် ရှိသေးလား။
3. ခင်ဗျားမှာ ထိုင်ခုံတွေ ရှိသေးလား။
4. ခင်ဗျားမှာ စာရွက်စာတမ်း ရှိသေးလား။
5. ခင်ဗျားမှာ ရနိုင်သော စာအုပ်တွေ ရှိသေးလား။

38. Do you mind…? ရမလာ။ နိုင်မလား
1. Do you mind turning down the music a bit?
2. Do you mind waiting for a moment?
3. Do you mind explaining that again?
4. Do you mind closing the door behind you?
5. Do you mind passing me the salt?
1. သီချင်းသံ နည်းနည်းလျော်ပေး နိုင်မလား။
2. ခဏလောက် စောင့်ပေး နိုင်မလား။
3. အဲ့ဒါကို ထပ်ရှင်းပြ နိုင်မလား။
4. မင်းအနောက်က တံခါးကို ပိတ်ပေး နိုင်မလာ။
5. မင်း ငါ့ကို ဆားဗူးလေး ကမ်းပေး နိုင်မလား။

39. I have no idea… ငါမသိတော့ဘူး
1. I have no idea why my car won't start.
2. I have no idea where I left my keys this morning.
3. problem.
I have no idea why the internet is not working.
4. I have no idea where my phone is.
5. I have no idea why my computer is running so slowly.
1. ငါ့ကား ဘာကြောင့် စက်မနိုးတာလဲ ငါမသိတော့ဘူး။
2. ဒီမနက် သော့တွေ ဘယ်မှာထားခဲ့မှန်း မသိတော့ဘူး။
3. အင်တာနက်က ဘာကြောင့် အလုပ်မလုပ်တာလဲ မသိတော့ဘူး။
4. ငါ့ဖုန်းဘယ်မှာရှိမှန်း ငါမသိတော်ဘူး။
5. ငါ့ကွန်ပြူတာ ဘာကြောင့် ဒီလောက်နှေးကွေးနေတယ်ဆိုတာ ငါမသိပါဘူး။

40. Recently - မကြာသေးမီးက
1. Recently, I visit the local library every week.
2. Recently, my family travels to different places for vacation.
3. Recently, the weather becomes colder, and I need to wear a jacket.
4. Recently, I attend online workshops to enhance my skills.
5. Recently, the neighbors organize a community cleanup every month.
1. မကြာသေးမီက ကျွန်တော်သည် အပတ်တိုင်း ဒေသဆိုင်ရာ စာကြည့်တိုက်သို့ သွားပါသည်။
2. မကြာသေးမီက ကျွန်တော့်မိသားစုသည် အားလပ်ရက်အတွက် မတူညီသောနေရာတွေကို ခရီးထွက်ကြတယ်။
3. မကြာသေးမီက ရာသီဥတုက ပိုအေးလာပြီး အပေါ်အင်္ကျီဝတ်ဖို့ လိုပါတယ်။
4. မကြာသေးမီက ကျွန်ုပ်သည် ကျွန်ုပ်၏စွမ်းရည်မြှင့်တင်ဖို့ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်ခဲ့ပါသည်။
5. မကြာသေးမီက အိမ်နီးနားချင်းများသည် လစဉ် ရပ်ကွက်သန့်ရှင်းရေးကို စီစဉ်ကြသည်။

41. I have got to… ရမယ်
1. I have got to finish my homework.
2. I have got to call my friend back.
3. I have got to attend the meeting.
4. I have got to make a decision soon.
5. I have got to attend the workshop.
1. အိမ်စာတွေ ပြီးအောင်လုပ်ရမယ်။
2. ငါ့သူငယ်ချင်းကို ပြန်ခေါ်ရမယ်။
3. ငါအစည်းအဝေး တက်ရမယ်။
4. ငါ မကြာခင် ဆုံးဖြတ်ချက်ချရတော့မယ် ။
5. လုပ်ငန်းခွင်ဆွေးနွေးပွဲကို တက်ရမယ်။

42. …. as… as possible - တတ်နိုင်သမျှ
1. I clean my room as often as possible.
2. I complete assignments as quickly as possible.
3. I try to save money as much as possible.
4. I exercise as regularly as possible.
5. I arrive at work as early as possible.
1. တတ်နိုင်သမျှ ငါ့အခန်းကို မကြာခဏ ငါ သန့်ရှင်းရေးလုပ်တယ်။
2. တတ်နိုင်သမျှ တာဝန်တွေကို ငါ မြန်မြန်ပြီးအောင်လုပ်တယ်။
3. တတ်နိုင်သမျှ ငါ ပိုက်ဆံစုဖို့ ကြိုးစားတယ်။
4. တတ်နိုင်သမျှ ငါ ပုံမှန်လေ့ကျင့်ခန်း လုပ်တယ်။
5. တတ်နိုင်သမျှ အလုပ်ကို ငါစောစောရောက်တယ်။

43. I’ll let you know… အကြောင်းကြားပေးပါ့မယ်
1. I'll let you know when the meeting starts.
2. I'll let you know if there are any changes.
3. I'll let you know about the results soon.
4. I'll let you know when the package arrives.
5. I'll let you know if there's a problem.
1. အစည်းအ​ဝေးစတင်​သည့်​အချိန်​မှာ ​အကြောင်းကြားပေးပါ့မယ်။။
2. အပြောင်းအလဲများရှိရင် အကြောင်းကြားပေးပါ့မယ်။
3. မကြာခင် ရလဒ်တွေကို အကြောင်းကြားပေးပါ့မယ်။
4. ပစ္စည်းထုတ်ရောက်ရင် အကြောင်းကြားပေးပါ့မယ်။
5. ပြဿနာရှိရင် အကြောင်းကြားပေးပါ့မယ်။

44. I’d be grateful… ကျေးဇူးတင်ပါတယ်
1. I'd be grateful if you explain the process to me.
2. I'd be grateful if you could provide more details.
3. I'd be grateful if you share your thoughts on the topic.
4. I'd be grateful for any information you can provide.
5. I'd be grateful if you submit your report on time.
1. ဖြစ်စဉ်ကို ရှင်းပြပေးရင် ကျေးဇူးတင်ပါတယ်။
2. အသေးစိတ်အချက်အလက်တွေ ပေးနိုင်ရင် ကျေးဇူးတင်ပါတယ်။
3. ခေါင်းစဉ်နဲ့ ပတ်သက်ပြီး မင်းရဲ့ အတွေးအမြင်တွေကို မျှဝေပေးရင် ကျေးဇူးတင်ပါတယ်။
4. မင်းပေးစွမ်းနိုင်တဲ့ အချက်အလက်တွေအတွက် ငါ ကျေးဇူးတင်ပါတယ်။
5. မင်းရဲ့အစီရင်ခံစာကို အချိန်မီတင်ပြရင် ကျေးဇူးတင်မှာပါ။

45. I’m afraid… ကြောက်တယ်
1. I'm afraid I don't understand the question.
2. I'm afraid it costs too much.
3. I'm afraid she doesn't like pizza.
4. I'm afraid she always forgets her keys.
5. I'm afraid he often forgets his phone.
1. မေးခွန်းကို နားမလည်မှာ ကြောက်တယ်။
2. စျေး အရမ်းကြီးမှာ ကြောက်တယ်။
3. ပီဇာမကြိုက်မှာကို ကြောက်တယ်။
4. သူ့သော့ကို အမြဲမေ့မှာကို ငါကြောက်တယ်။
5. သူ့ဖုန်းကို ခဏခဏ မေ့သွားမှာကို ကြောက်တယ်။

46. I’m calling to… ဖုန်းဆက်တာပါ
1. I'm calling to inquire about your services.
2. I'm calling to confirm our appointment.
3. I'm calling to report a technical issue.
4. I'm calling to express my gratitude.
5. I'm calling to share important information.
1. မင်းရဲ့ ဝန်ဆောင်မှုတွေအကြောင်း စုံစမ်းဖို့ ဖုန်းဆက်တာပါ။
2. ချိန်းဆိုချက်ကို အတည်ပြုဖို့ ဖုန်းဆက်တာပါ။
3. နည်းပညာပိုင်းဆိုင်ရာ ပြဿနာတစ်ခုကို တိုင်ကြားဖို့ ဖုန်းဆက်တာပါ။
4. ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ ဖုန်းဆက်တာပါ။
5. အရေးကြီးတဲ့ အချက်အလက်တွေကို မျှဝေဖို့ ဖုန်းဆက်တာပါ။

47. I’m looking forward to… ငါမျှော်လင့်နေပါတယ်
1. I'm looking forward to meeting you.
2. I'm looking forward to hearing your thoughts.
3. I'm looking forward to starting my new job.
4. I'm looking forward to spending time with family.
5. I'm looking forward to the summer vacation.
1. မင်းနဲ့တွေ့ဆုံဖို့ ငါမျှော်လင့်နေပါတယ်။
2. မင်းရဲ့အကြံအစည်တွေကို ကြားဖို့ ငါမျှော်လင့်နေပါတယ်။
3. အလုပ်သစ်စဖို့ ငါမျှော်လင့်နေပါတယ်။
4. မိသားစုနဲ့ အချိန်ဖြုန်းဖို့ ငါမျှော်လင့်နေပါတယ်။
5.နွေရာသီအားလပ်ရက်ကို ငါမျှော်လင့်နေပါတယ်။

48. I’m not really happy with… အားရကျေနပ်မှုမရှိဘူး
1. I'm not really happy with my current job.
2. I'm not really happy with the service at this restaurant.
3. I'm not really happy with the weather today.
4. I'm not really happy with the quality of this product.
5. I'm not really happy with the state of my health.
1. ငါ့ရဲ့လက်ရှိအလုပ်မှာ ငါအားရကျေနပ်မှုမရှိဘူး။
2. ဒီစားသောက်ဆိုင်မှာ ပေးတဲ့ဝန်ဆောင်မှုကို ငါအားရကျေနပ်မှုမရှိဘူး။
3. ဒီနေ့ ရာသီဥတုကို ငါအားရကျေနပ်မှုမရှိဘူး။
4. ဒီထုတ်ကုန်ရဲ့ အရည်အသွေးကို ငါအားရကျေနပ်မှုမရှိဘူး။
5. ငါကျန်းမာရေး အခြေအနေကို ငါအားရကျေနပ်မှုမရှိဘူး။

49. I’m thinking about… ငါစဉ်းစားနေတယ်
1. I'm thinking about my upcoming vacation.
2. I'm thinking about starting a new hobby.
3. I'm thinking about changing my job.
4. I'm thinking about what to cook for dinner.
5. I'm thinking about learning a new language.
1. လာမယ့် အားလပ်ရက်အတွက် ငါစဉ်းစားနေတယ်။
2. ဝါသနာအသစ်တစ်ခုစဖို့ ငါစဉ်းစားနေတယ်။
3. အလုပ်ပြောင်းဖို့ ငါစဉ်းစားနေတယ်။
4. ညစာ ဘာချက်ရမလဲ ငါစဉ်းစားနေတယ်။
5. ဘာသာစကားအသစ်တစ်ခုကို သင်ယူဖို့ ငါစဉ်းစားနေတယ်။

50. I really go for… ငါတကယ်သွားတာဗျ
1. I really go for long walks in the park.
2. I really go for a cup of coffee in the morning.
3. I really go for spending time with my family.
4. I really go for exploring new places.
5. I really go for watching movies on weekends.
1. ပန်းခြံထဲမှာ အကြာကြီး လမ်းလျောက်ဖို့ ငါတကယ်သွားတာဗျ။
2. မနက်ပိုင်းမှာ ကော်ဖီတစ်ခွက်သောက်ဖို့ ငါတကယ်သွားတာဗျ။ 
သွားသောက်တယ်။
3. မိသားစုနဲ့ အချိန်ဖြုန်းဖို့ ငါတကယ်သွားတာဗျ။
4. နေရာသစ်တွေကို စူးစမ်းဖို့ ငါတကယ်သွားတာဗျ။
5. ပိတ်ရက်တွေမှာ ရုပ်ရှင်သွားကြည့်ဖို့ ငါတကယ်သွားတာဗျ။

51. It is… that…
1. It is important that we prioritize our tasks.
2. It is essential that he completes the project on time.
3. It is evident that they enjoy working together.
4. It is crucial that you follow the guidelines.
5. It is obvious that he has a strong work ethic.
1. ငါတို့ရဲ့လုပ်ငန်းတာဝန်တွေကို ဦးစားပေးလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။
2. ပရောဂျက်ကို အချိန်မီပြီးအောင်လုပ်ဖို့ အရေးကြီးတယ်။
3. အတူတူအလုပ်လုပ်ရတာ ပျော်ကြတယ်ဆိုတာ ထင်ရှားပါတယ်။
4. လမ်းညွှန်ချက်များကို လိုက်နာဖို့ အရေးကြီးပါသည်။
5. ခိုင်မာသောအလုပ်ကျင့်ဝတ်ရှိကြောင်း ထင်ရှားသည်။

52. It’s too bad that… အရမ်းဆိုးပါတယ်
1. It's too bad that he always arrives late.
2. It's too bad that the internet connection is consistently slow.
3. It's too bad that the office coffee machine is always broken.
4. It's too bad that she frequently interrupts others.
5. It's too bad that he often speaks without thinking.
1. သူအမြဲနောက်ကျမှရောက်တာ အရမ်းဆိုးပါတယ်။
2. အင်တာနက် ချိတ်ဆက်မှု တသမတ်တည်း နှေးကွေးနေတာက အရမ်းဆိုးပါတယ်။
3. ရုံးကော်ဖီစက် အမြဲပျက်နေတာက အရမ်းဆိုးပါတယ်။
4. သူတပါးကို မကြာခဏ နှောက်ယှက်တာ အရမ်းဆိုးပါတယ်။
5. မတွေးဘဲ မကြာခဏပြောတတ်တာက ဆိုအရမ်းဆိုးပါတယ်။

53. It’s my fault for… ငါ့အမှားပါ
1. It's my fault for arriving late to the meeting.
2. It's my fault for forgetting to return your book.
3. It's my fault for misunderstanding your instructions.
4. It's my fault for spilling coffee on your shirt.
5. It's my fault for misplacing your keys.
1. အစည်းအဝေးကို နောက်ကျမှ ရောက်တာ ငါ့အမှားပါ။
2. မင်းစာအုပ်ကို ပြန်ပေးဖို့မေ့သွားတာ ငါ့အမှားပါ။
3. မင်းရဲ့ ညွှန်ကြားချက်တွေကို နားလည်မှုလွဲတာ ငါ့အမှားပါ။
4. မင်းရဲ့အင်္ကျီပေါ် ကော်ဖီဖိတ်တာ ငါ့အမှားပါ။
5. မင်းရဲ့သော့တွေ အထားမှားတာ ငါ့အမှားပါ။

54. It’s not that… but… ဒါမဟုတ်ဘူး... ဒါပေမဲ့
1. It's not that we ignore your advice, but we have our own perspective.
2. It's not that the weather is bad, but it could be better.
3. It's not that we don't trust you, but we need more information.
4. It's not that he doesn't enjoy sports, but he prefers reading.
5. It's not that the movie is boring, but it lacks excitement.
1. မင်းရဲ့အကြံဉာဏ်ကို ငါတို့ လျစ်လျူရှုတာမဟုတ်ဘူး၊ ဒါ​ပေမဲ့ ငါတို့မှာ ကိုယ်ပိုင်အမြင်ရှိတယ်။
2. ရာသီဥတု ဆိုးတာ မဟုတ်ဘူး၊ ဒါပေမယ့် ပိုကောင်းလာနိုင်တယ်။
3. ငါတို့ မင်းကို မယုံကြည်လို့မဟုတ်ဘူး၊ ဒါပေမဲ့ အချက်အလက် ပိုမိုလိုအပ် လို့ဖြစ်တယ်။
4. သူက အားကစားကို ဝါသနာမပါတာ မဟုတ်ဘူး၊ ဒါပေမဲ့ သူစာဖတ်တာကို ပိုသဘောကျတယ်။
5. ဇာတ်ကားက ငြီးငွေ့စရာမဟုတ်ဘူး၊ ဒါပေမဲ့ စိတ်လှုပ်ရှားစရာတော့ မရှိပါဘူး။

55. It’s on the tip of my tongue, ငါ့လျှာဖျားမှာပဲရှိတယ်
1. It's on the tip of my tongue, but I can't remember the name.
2. The solution to the problem is on the tip of my tongue.
3. The right word is on the tip of my tongue, but I can't articulate it.
4. The location of the meeting is on the tip of my tongue.
5. The phone number is on the tip of my tongue, but I need a second to recall it.
1. လျှာဖျားမှာ ရှိနေပေမဲ့ ငါနာမည်တော့ မမှတ်မိဘူး။
2.ပြဿနာရဲ့အဖြေက ငါ့လျှာဖျားမှာပဲ ရှိနေတယ်။
3. မှန်ကန်တဲ့ စကားလုံးက ငါ့လျှာဖျားမှာ ရှိနေပေမဲ့ 
ငါ ရှင်းရှင်းလင်းလင်း ထုတ်ဖော် မပြောနိုင်ဘူး။
4. အစည်းအဝေး တည်နေရာက  ငါ့လျှာဖျားမှာပဲ ရှိနေတယ်။
5. ဖုန်းနံပါတ်က လျှာဖျားမှာ ရှိနေပေမဲ့ ငါပြန်သတိရဖို့ အချိန်ခဏ လိုတယ်။

56. It’s said that… ဆိုပါတယ်
1. It's said that she enjoys reading novels.
2. It's said that she practices yoga every morning.
3. It's said that the Earth revolves around the sun.
4. It's said that he speaks four languages fluently.
5. It's said that he travels abroad for business often.
1. သူဝတ္ထုတွေဖတ်ရတာ နှစ်သက်တယ်လို့ ဆိုပါတယ်။
2. မနက်တိုင်း ယောဂကျင့်တယ်လို့ ဆိုပါတယ်။
3. ကမ္ဘာသည် နေကို လှည့်ပတ်တယ်လို့ ဆိုပါတယ်။
4. သူက ဘာသာစကားလေးမျိုး ကျွမ်းကျင်စွာ ပြောတတ်တယ်လို့ ဆိုပါတယ်။
5. စီးပွားရေးအတွက် နိုင်ငံခြားကို မကြာခဏ သွားလေ့ရှိတယ်လို့ ဆိုပါတယ်။

57. It’s up to… အပေါ်မှာပဲမူတည်ပါတယ်
1. It's up to you to decide.
2. It's up to the team to succeed.
3. It's up to the government to address the issue.
4. It's up to the chef to create a delicious meal.
5. It's up to the writer to craft an engaging story.
1. ဆုံးဖြတ်ဖို့က မင်းအပေါ်မှာပဲမူတည်ပါတယ်။
2. အောင်မြင်ဖို့က အသင်းပေါ်မှာပဲ မူတည်ပါတယ်။
3. ဒီကိစ္စကို ဖြေရှင်းဖို့က အစိုးရပေါ်မှာပဲ မူတည်ပါတယ်။
4. အရသာရှိတဲ့ ဟင်းတစ်ခွက်ကို ဖန်တီးဖို့ စားဖိုမှူးအပေါ်မှာပဲမူတည်ပါတယ်။
5. ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖန်တီးဖို့က စာရေးဆရာအပေါ်မှာ မူတည်တယ်။

58. It’s your turn… မင်းအလှည့်ပဲ
1. It's your turn to make a decision.
2. It's your turn to present the project.
3. It's your turn to explain the concept.
4. It's your turn to express your opinion.
5. It's your turn to participate in the discussion.
1. ဆုံးဖြတ်ချက်ချဖို့ မင်းအလှည့်ပဲ။
2. ပရောဂျက်ကို တင်ပြဖို့ မင်းအလှည့်ပဲ။
3. အယူအဆကို ရှင်းပြဖို့ မင်းအလှည့်ပဲ။
4. မင်းရဲ့ထင်မြင်ချက်ကို ထုတ်ဖော်ဖို့ မင်းအလှည့်ပဲ။
5. ဆွေးနွေးပွဲတွင် ပါဝင်ဖို့ မင်းအလှည့်ပဲ။

59. How come...? ဘယ်လိုကြောင့်လဲ
1. How come you always arrive late to meetings?
2. How come we always run out of coffee so quickly?
3. How come the bus is always late on Mondays?
4. How come the internet is so slow today?
5. How come she never wears the dress you bought her?
1. အစည်းအဝေးတွေကို အမြဲတမ်းနောက်ကျနေတာ ဘယ်လိုကြောင့်လဲ။
2. ငါတို့ ကော်ဖီတွေ ဒီလောက် မြန်မြန်ကုန်တာ ဘယ်လိုကြောင့်လဲ။
3. တနင်္လာနေ့တွေမှာ ဘတ်စ်ကားက အမြဲတမ်းနောက်ကျနေတာ ဘယ်လိုကြောင့်လဲ။
4. ဒီနေ့အင်တာနက်က နှေးနေတာ ဘယ်လိုကြောင့်လဲ။
5. မင်းဝယ်ပေးထားတဲ့ ၀တ်စုံကို သူဘယ်တော့မှ မဝတ်ဖြစ်တာ ဘယ်လိုကြောင့်လဲ။

60. I have no idea… ငါမသိတော့ဘူး
1. I have no idea why my car won't start.
2. I have no idea where I left my keys this morning.
3. problem.
I have no idea why the internet is not working.
4. I have no idea where my phone is.
5. I have no idea why my computer is running so slowly.
1. ငါ့ကား ဘာကြောင့် စက်မနိုးတာလဲ ငါမသိတော့ဘူး။
2. ဒီမနက် သော့တွေ ဘယ်မှာထားခဲ့မှန်း မသိတော့ဘူး။
3. အင်တာနက်က ဘာကြောင့် အလုပ်မလုပ်တာလဲ မသိတော့ဘူး။
4. ငါ့ဖုန်းဘယ်မှာရှိမှန်း ငါမသိတော်ဘူး။
5. ငါ့ကွန်ပြူတာ ဘာကြောင့် ဒီလောက်နှေးကွေးနေတယ်ဆိုတာ ငါမသိပါဘူး။

61. I have been… နေပါတယ်
1. I have been learning a new language to enhance my communication skills.
2. I have been reading books to expand my knowledge on various subjects.
3. I have been setting specific goals to stay focused and motivated.
4. I have been adapting to changes in my professional life with resilience.
5. I have been expressing gratitude daily to foster a positive mindset.
1. ငါ့ရဲ့ပြောဆိုဆက်ဆံရေး စွမ်းရည်ကို မြှင့်တင်ဖို့ ဘာသာစကားအသစ်တစ်ခုကို သင်ယူနေပါတယ်။
2. ဘာသာရပ်ပေါင်းစုံကို ဗဟုသုတတိုးဖို့ စာအုပ်တွေဖတ်နေတယ်။
3. အာရုံစူးစိုက်မှုရှိပြီး စိတ်အားထက်သန်နေဖို့ တိကျတဲ့ပန်းတိုင်တွေကို ချမှတ်ထားပါတယ်။
4. ငါ့ရဲ့ ပရော်ဖက်ရှင်နယ်ဘ၀တွင် အပြောင်းအလဲများကို ခံနိုင်ရည်ရှိစွာဖြင့် လိုက်လျောညီထွေ လိုက်နေပါသည်။
5. အပြုသဘောဆောင်တဲ့ စိတ်သဘောထားကို မွေးမြူဖို့ နေ့တိုင်း ကျေးဇူးတင်ကြောင်း ဖော်ပြနေပါတယ်။

62. I’ve had enough of… (နောက်ထပ်မလိုချင်တော့ဘူး/ တော်ပါတော့/ ငြီးငွေ့လှပါပြီ)
1. I've had enough of the daily routine.
2. I've had enough of waiting for your response.
3.I've had enough of the cold weather.
4. I've had enough of this slow internet connection.
5. I've had enough of your constant criticism.
1. ငါနေ့စဉ်လုပ်ရိုးလုပ်စဉ်ကို ငြီးငွေ့လှပါပြီ။
2. မင်းရဲ့ တုံ့ပြန်မှုကို ငါစောင့်ဖို့ နောက်ထပ်မလိုတော့ဘူး။
3. အေးတဲ့ရာသီဥတုကို ငြီးငွေ့လှပါပြီါ
4. ဒီအင်တာနက်ချိတ်ဆက်မှု နှေးကွေးတာ နောက်ထပ်မလိုချင်တော့ဘူး
5. မင်းရဲ့ စဉ်ဆက်မပြတ် ဝေဖန်မှုတွေ ငြီးငွေ့လှပါပြီ။

63. If I were you, I'd... ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင် / မင့်နေရာမှာ ငါသာဆိုရင်
1. If I were you, I'd save more money each month.
2. If I were you, I'd prioritize work-life balance.
3. If I were you, I'd travel to different places.
4. If I were you, I'd spend more time with family.
5. If I were you, I'd listen more and talk less.
1. မင့်နေရာမှာ ငါသာဆိုရင် လတိုင်း ပိုက်ဆံပိုစုမယ်။
2. မင့်နေရာမှာ ငါသာဆိုရင် အလုပ်-ဘဝ ချိန်ခွင်လျှာကို ဦးစားပေးမယ်။
3. မင့်နေရာမှာ ငါသာဆိုရင် မတူညီသောနေရာတွေ သွားလည်မယ်။
4. မင့်နေရာမှာ ငါသာဆိုရင် မိသားစုနဲ့ အချိန်ပိုသုံးမယ်။
5. မင့်နေရာမှာ ငါသာဆိုရင် ငါ ပိုနားထောင်ပြီး စကားနည်းနည်းပဲ ပြောမယ်။

64. I'm sorry, you're not supposed to...
တောင်းပန်ပါတယ်... ခွင့်မပြုပါ။
1. I'm sorry, you're not supposed to interrupt during meetings.
2. I'm sorry, you're not supposed to use your phone in the library.
3. I'm sorry, you're not supposed to park here.
4. I'm sorry, you're not supposed to eat in the classroom.
5. I'm sorry, you're not supposed to smoke in this area.
1.  တောင်းပန်ပါတယ်၊ အစည်းအဝေးတွေမှာ နှောင့်အယှက် ခွင့်မပြုပါ။
2. တောင်းပန်ပါတယ်၊၊ စာကြည့်တိုက်မှာ သင့်ဖုန်းကို အသုံးပြုခွင့်မပြုပါ။
3. တောင်းပန်ပါတယ် မင်းဒီမှာ ကားမရပ် ခွင့်မပြုပါ။
4. တောင်းပန်ပါတယ်၊ စာသင်ခန်းထဲမှာ စားသောက်တာ ခွင့်မပြုပါ။
5. တောင်းပန်ပါတယ်၊ မင်း ဒီဧရိယာမှာ ဆေးလိပ်သောက် ခွင့်မပြုပါ။

65. I wonder why.../ I want to know why
(ဘာ့ကြောင့် ...... ချင်တယ်ဆိုတာ သိချင်ပါဘိ/ သိချင်တာ/ သိချင် နေတာ)
1. I wonder why you want to marry such a girl.
2. I wonder why she always arrives late.
3. I wonder why they don't like to eat vegetables.
4. I wonder why the prices of goods keep rising.
5. I wonder why she never takes a day off from work.
1. ဒီလိုမိန်းကလေးမျိုးကို ဘာလို့လက်ထပ်ချင်တာလဲလို့ သိချင်နေတာ။
2. သူမဘာလို့ အမြဲနောက်ကျရောက်လာတာလဲလို့ သိချင်နေတာ။
3. သူတို့ဘာကြောင့် အသီးအရွက် မစားရတာလဲလို့ သိချင်နေတာ။
4. ကုန်ပစ္စည်းတွေ ဘာကြောင့် ဈေးတက်နေတာလဲလို့ သိချင်နေတာ။
5. သူဘာလို့ အလုပ်ကနေ တစ်ရက်မှ မနားရလဲလို့  သိချင်နေတာ။

66. I wish they would... စေချင်တာပါပဲ
1. I wish they would cancel the appointment.
2. I wish they would listen more.
3. I wish they would understand my perspective.
4. I wish they would support my decisions.
5. I wish they would take responsibility for their actions.
1. သူတို့ ချိန်းဆိုမှုကို ဖျက်သိမ်းစေ၊ ပယ်ဖျက်လိုက်စေချင်တာပါပဲ။
2. သူတို့ ပိုနားထောင် စေချင်တာပါပဲ။
3. ကျွန်တော့်အမြင်ကို သူတို့နားလည် စေချင်တာပါပဲ။
4. ငါ့ရဲ့ ဆုံးဖြတ်ချက်တွေကို သူတို့ ပံ့ပိုးပေးစေချင်တာပါပဲ။
5. သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ကျေစေချင်တာပါပဲ။

67. It would be nice if we could...
နိုင်ခဲ့ရင်ကောင်းမှာပဲ
1. It would be nice if the train could arrive on time/ in time.
2. It would be nice if you could be at home.
3. It would be nice if you could tell them in English.
4. It would be nice if we could meet for coffee sometime.
5. It would be nice if we could take a stroll by the beach.
1. ရထားကအချိန်မှန်/အချိန်မီဆိုက်နိုင်ခဲ့ရင် ကောင်းမှာပဲ။
2. အိမ်မှာမင်းရှိနေခဲ့ရင်ကောင်းမှာပဲ။
3. မင်းသူတို့ကိုအင်္ဂလိပ်လိုပြောနိုင်ခဲ့ရင် ကောင်းမှာပဲ။
4. ကော်ဖီသောက်ရင်း တစ်ချိန်ချိန်ဆုံဖြစ်ရင် ကောင်းမယ်။
5. ကမ်းခြေမှာ လမ်းလျှောက်နိုင်ရင် ကောင်းမယ်။

68. You are not to... စည်းမျဉ်းစည်းကမ်းများအား အတည်ပြုပြောဆို/ အခိုင်အမာပြောဆို
1. You are not to doze off in class.
2. You are not to waste your time doing nothing.
3. You are not to take photos in the museum.
4. You are not to disturb the meeting.
5. You are not to disclose confidential details.
1. မင်းစာသင်ခန်းထဲမှာ အိပ်ငိုက်နေရမှာ မဟုတ်ဘူးလေ။
2. ဘာတစ်ခုမှထ,မလုပ်ဘဲ အချိန်ဖြုန်းနေလို့ မရဘူးလေ။
3. ပြခန်း/ ပြတိုက်ထဲမှာ ဓာတ်ပုံရိုက်လို့ မရဘူးလေ။
4. အစည်းအဝေးကို မနှောင့်ယှက်ရဘူးလေ။
5. လျှို့ဝှက်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မပြုရဘူး​လေ။

69. What's the use of...? အာ့ဆိုရင် ဘာ့လို့လုပ်နေအုံးမှာလဲ။ (သက်သက်မဲ့ .... အပိုပဲ....)
1. What's the use of talking about it?
2. What's the use of studying English if you won't speak it?
3. What's the use of crying over spilt milk?
4. What's the use of studying if you don't apply the knowledge?
5. What's the use of saving money if you never invest it wisely?
1. အာ့ဆိုရင်ဘာ့လို့ဒီ အကြောင်းပြောနေအုံးမှာလဲ။
2. အင်္ဂလိပ်လိုပြောမှာမဟုတ်ဘူးဆိုရင် ဘာလုပ်ဖို့ အင်္ဂလိပ်စာ လေ့လာ နေအုံးမှာလဲ။
3. ဖိတ်ကျကုန်တဲ့နို့အတွက် ဘာလုပ်ဖို့ငိုနေ/ နှမြောတသနေမှာလဲ။
4. အသိပညာကို အသုံးမချရင် လေ့လာတာက ဘာအကျိုးရှိမှာလဲ။
5. အမြော်အမြင်ရှိရှိ မမြှုပ်နှံရင် ငွေစုတာက ဘာအကျိုးရှိမှာလဲ။

70. If you don't mind... ဝန်မလေးဘူးဆိုရင် ....။/ မရိုမသေ
1. If you don't mind, tell me about her.
2. If you don't mind, explain me about the meeting briefly.
3. If you don't mind, make me a coffee.
4. If you don't mind, we study together in the evenings.
5. If you don't mind, I take my dog for a walk every morning.
1. ဝန်မလေးဘူးဆိုရင် သူ့(သူမ) အကြောင်းလေး ပြောပြပါလား (ခင်ဗျာ/ ရှင်)
2. ဝန်မလေးဘူးဆိုရင် အစည်းအဝေးအကြောင်းလေး အကျဉ်းချုပ်လောက် ရှင်းပြပေးပါလား။
3. ဝန်မလေးဘူးဆိုရင် ကော်ဖီလေးတစ်ခွက်လောက် ဖျော်ပေးပါလား။
4. ဝန်မလေးဘူးဆိုရင် ညနေ အတူတူ စာကျက်ကြမယ်။
5. ဝန်မလေးဘူးဆိုရင် မနက်တိုင်း ငါခွေးကို လမ်းလျှောက်ခေါ်သွားမယ်။

71. Why don't you ...? ...ဘာလား၊ ဘာ့ကြောင့်မ...တာလဲ
1. Why don't you take a seat?
2. Why don't you respond me something?
3. Why don't you drink something?
4. Why don't you go ask the teacher?
5. Why don't you turn off the lights before leaving?
1. ထိုင်ပါလား/ ထိုင်ပါအုံးလား/ (ဘာ့ကြောင့်မထိုင်တာလဲ။)
2. ကိုယ့်ကိုတစ်ခုခုလောက် / တုန့်ပြန် အကြောင်းပြန်ပေးပါလား။
3. တစ်ခုခုသောက်ပါလား။
4. ဘာ့လို့ ဆရာ့ကိုမမေးတာလဲ/ ဆရာ့ကိုမေးလိုက်
ပါလား။
5. အ​ပြင်မထွက်ခင်ဘာလို့ မီးမပိတ်တာလဲ။

72. Why not...? ဘာ့လို့ မလုပ်ရမှာလဲ/ လုပ်ကိုလုပ်ရမှာပေါ့/ ဒါပေါ့/ မလုပ်လို့ ဘယ်ရ မလဲ/ မုချလုပ်ရမှာပေါ့
1. Why not try to persuade him to give up smoking?
2. Let's go to see a film tonight. Sure, why not?
3. Let's go to a teashop? Why not?
4. Why not start your day with a positive affirmation?
5. Why not enjoy a cup of tea or coffee in the morning?
1. သူ့ကိုဆေးလိပ်ဖြတ်အောင် ဖျောင်းဖျရမှာပေါ့။
2. ဒီည ရုပ်ရှင်သွားကြည့်ရအောင်။ ဒါပေါ့ ကြည့်ရမှာပေါ့/ (ဘာ့လို့ မကြည့် ဘဲနေရမှာလဲ)
3. လက်ဖက်ရည်ဆိုင်သွားထိုင်ရအောင်ဗျာ။ ဒါပေါ့ သွားမှာပေါ့
4. အပြုသဘောဆောင်တဲ့ ကတိသစ္စာများဖြင့် မင်းရဲ့တစ်နေ့တာကို ဘကြောင့် မစတင်ရမှာလဲ။
5. မနက်ခင်းမှာ လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီတစ်ခွက်ကို ဘာကြောင့် မသောက်ရမှာလဲ။

(ငြင်းဆန်ရန်အကြောင်းလုံးဝမရှိ/ ရာနှုန်းပြည့် သဘောတူ ကြည်ဖြူ ဝမ်းမြောက်စွာဖြင့်)

73. Whether or not... ဘာပဲဖြစ်ဖြစ်/ ဘယ်လိုပဲဖြစ်ဖြစ်/ ... သည်ဖြစ်စေ၊ သည်ဖြစ်စေ (နောက်မဆုတ်စတမ်း/ ဂရုမစိုက်ဘဲ/ မမှုဘဲ)
1. Whether you come or not, I'll be waiting for you.
2. Whether we can be together or not at the end of our love story, we do love each other so much.
3. Whether you are willing or not, you have to do it.
4. Whether or not it rains, I'll go for a walk.
5. Whether or not they succeed, they should be proud of their effort.
1. မင်းလာလာ၊ မလာမလာ ကိုယ်ကတော့ စောင့်နေမှာပါပဲ။
2. ဇာတ်သိမ်းခန်းမှာ နှစ်ဦးသား ပေါင်းကြရသည်ဖြစ်စေ၊ မပေါင်းဖက်နိုင် ကြသည်ဖြစ်စေ ချစ်နေကြမှာပါ။ (အလဲ့)
3. မင်းအနေနဲ့ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုပ်ကိုလုပ်ရမှာပဲ။/ မင်းအနေနဲ့ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ လုပ်ကိုလုပ် ရမှာပဲ။
4. မိုးရွာသည်ဖြစ်စေ မိုးမရွာသည်ဖြစ်စေ
လမ်းလျှောက်ထွက်မယ်။
5. အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ မိမိတို့ရဲ့ ကြိုးစားအားထုတ်မှုကို ဂုဏ်ယူသင့်တယ်။

74. Where there is... there is... ...ရှိရင် ... ရှိမှာပဲ။
1. Where there are oppositions, there are rebellions.
2. Where there are women, there are jealousy and suspicion.
3. Where there is a will, there is a way.
4. Where there is laughter, there is joy.
5. Where there is kindness, there is harmony.
1. သဘောထားကွဲလွဲမှုတွေ၊ အတိုက်အခံတွေ၊ ဝိရောဓိတွေရှိနေရင် လက်နက်ကိုင် တော်လှန်တာတွေ၊ ဆန့်ကျင်တော်လှန်မှုတွေ ရှိနေမှာပဲ။
2. မိန်းမတွေရှိရင် ဂျေဝင်တာတွေ၊ မယုံသင်္ကာဖြစ်တာ တွေဆိုတာ ရှိမှာပဲ။
3. ဆန္ဒရှိရင် နည်းလမ်းရှိမှာပဲ။
4. ရယ်မောခြင်းတဲ့နေရာမှာ ပျော်ရွှင်မှုဆိုတာရှိတယ်။
5. ကရုဏာရှိတဲ့နေရာမှာ ဟန်ချက်ညီ ညီညွတ်မှုဆိုတာရှိတယ်။

75. Where can I...? ငါ ဘယ်မှာ...ရနိုင်မလဲ။
1. Where can I get a map?
2. Where can I find him?
3. Where can I see you?
4. Where can I buy fresh vegetables in this neighborhood?
5. Where can I attend a yoga class nearby?
1. ကျွန်တော် မြေပုံတစ်ခုလောက် ဘယ်မှာရနိုင်မလဲ။
2. ကျွန်မသူ့ကို ဘယ်မှာသွားရှာရမလဲ/ ကျွန်မသူ့ကို ဘယ်မှာတွေ့နိုင်မလဲ။
3. ကိုယ်မင်းကို ဘယ်မှာတွေ့ရမလဲ။
4. ဒီရပ်ကွက်မှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ဘယ်မှာဝယ်လို့ရမလဲ။
5. အနီးနားရှိ ယောဂသင်တန်းကို ဘယ်မှာတက်လို့ရမလဲ။

76. What would you do if...? ... ရင်/လျှင်
ဘာလုပ်မလဲ။
1. What would you do if you were me?
2. What would you do if you had a lot of money?
3. What would you do if the rumours were true?
4. What would you do if you find a wallet on the street?
5. What would you do if you win a free trip to a destination of your choice?
1. မင်းသာ ငါ့နေရာမှာဆိုရင် ဘာလုပ်မလဲ။
2. ပိုက်ဆံတွေအများကြီးရှိခဲ့ရင် မင်းဘာတွေလုပ်မလဲ။
3. တစ်ကယ်လို့ ကောလာဟလတွေ တစ်ကယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
4. လမ်းပေါ်မှာ ပိုက်ဆံအိတ်တွေ့ရင် ဘာလုပ်မလဲ။
5. သင်နှစ်သက်ရာနေရာသို့ အခမဲ့ခရီးထွက်ခွင့်ရရင် ဘာလုပ်မလဲ။

77. What's the matter with...? ဘာတွေဖြစ်...
ဘာတွေခက်ခဲနေ... ဘာတွေဖြစ်ကုန်လဲ
1. What's the matter with your finger? It's bleeding.
2. What's the matter with your computer?
3. What's the matter with the car's engine?
4. What's the matter with the printer in the office?
5. What's the matter with your internet connection?
1. နင့်လက်ကဘာဖြစ်တာလဲ။ သွေးတွေထွက်နေတာပဲ။
2. မင်းကွန်ပြူတာက ဘာဖြစ်တာလဲ။
3. ကားအင်ဂျင်က ဘာဖြစ်တာလဲ။
4. ရုံးမှာရှိတဲ့ ပရင်တာ ဘာဖြစ်တာလဲ။
5. မင်းရဲ့အင်တာနက်ချိတ်ဆက်မှုက ဘာဖြစ်တာလဲ။

78. What I'm trying to say is... ဒါက ဒီလိုပါ/....လို့ ဆိုလိုတာပါ
1. What I'm trying to say is that it's worth buying.
2. What I'm trying to say is that you should think of others.
3. What I'm trying to say is that smoking is harmful.
4. What I'm trying to say is that I enjoy spending time outdoors.
5. What I'm trying to say is that learning is a lifelong journey.
1. အဲဒါဝယ်ပျော်တယ် / တန်တယ်လို့ ဆိုလိုတာပါ။
2. တခြားသူတွေကိုလည်း ထည့်တွေးပေးဖို့ ပြောချင်တာပါ။
3. ဆေးလိပ်သောက်တာ ဘေးဥပဒ်ဖြစ်စေတယ်လို့ ပြောချင်တာပါ။
4. အပြင်မှာ အချိန်ဖြုန်းရတာကို နှစ်သက်တယ်လို့
ပြောချင်တာပါ။
5. သင်ယူခြင်းဆိုတာ ဘဝတစ်သက်တာခရီးတစ်ခုပါလို့ ပြောချင်တာပါ။

79. What can I do for...? အတွက် ဘာများဆောင်ရွက်ပေးရမလဲ။
1. What can I do for you?
2. What can I do to make him satisfied?
3. What can I do to stop them?
4. What can I do for a better understanding?
5. What can I do for a successful project?
1. မင်းအတွက် ကိုယ် ဘာလုပ်ပေးရမလဲ။
2. သူ့ကိုကျေနပ်အောင်/ စိတ်ချမ်းသာအောင်/ ဘဝင်ကျသွားအောင်/ ပျော်သွားအောင် ဘာများလုပ်ပေးရမလဲ။
3. အဲဒါတွေ ရပ်သွားအောင် ဘာများလုပ်ပေးရမလဲ/ လုပ်ပေးနိုင်မလဲ/ သူတို့ကို ဘယ်လိုတားမြစ်ပေးရမလဲ။
4. ပိုနားလည်အောင် ဘာလုပ်နိုင်မလဲ။
5. အောင်မြင်တဲ့ ပရောဂျက်တစ်ခုအတွက် ဘာလုပ်ပေးရမလဲ။

80. We'd be better off without... မရှိရင်/
မပါရင်ပိုကောင်းမှာ။
1. We'd be better off without constant negativity.
2. We'd be better off without harmful habits.
3. We'd be better off without the fear of change.
4. We'd be better off without unrealistic expectations.
5. We'd be better off without unhealthy eating habits.
1. စဉ်ဆက်မပြတ် အဆိုးမြင်စိတ်မရှိရင် ပိုကောင်းမယ်။
2. အန္တရာယ်ရှိသော အလေ့အထမရှိရင် ပိုကောင်းမယ်။
3. အပြောင်းအလဲကို မကြောက်တဲ့စိတ်ရှိရင် ပိုကောင်းမယ်။
4. လက်တွေ့မကျသော မျှော်လင့်ချက်များမရှိရင် ပိုကောင်းပါသည်။
5. ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှု အလေ့အထမရှိရင် ပိုကောင်းမယ်။

81. When it comes to... ပတ်သက်လာရင်
1. When it comes to goal-setting, I establish clear objectives for success.
2. When it comes to health, I maintain a balanced diet.
3. When it comes to relationship, I value open communication.
4. When it comes to cooking, I excel in preparing delicious meals.
5. When it comes to decision-making, I consider all available options.
1. ပန်းတိုင်ချမှတ်ခြင်းနဲ့ ပတ်သက်လာရင် အောင်မြင်ဖို့အတွက် ပြတ်သားတဲ့ ရည်မှန်းချက်တွေကို ချမှတ်တတ်သူပါ။
2. ကျန်းမာရေးနဲ့ ပတ်သက်လာရင် ငါဟာ မျှတတဲ့ အစားအသောက်ကို ထိန်းသိမ်းတတ်သူပါ။
3. ဆက်ဆံရေးနဲ့ ပတ်သက်လာရင် ငါဟာ ပွင့်လင်းသော ဆက်သွယ်မှုကို တန်ဖိုးထားတယ်။
4. အချက်အပြုပ်နဲ့ ပတ်သက်လာရင် ငါဟာအရသာရှိတဲ့ အစားအစာတွေကို ပြင်ဆင်ရာမှာ ထူးချွန်သူပါ။
5. ဆုံးဖြတ်ချက်ချခြင်းနဲ့ ပတ်သက်လာရင် ငါဟာ ရနိုင်သောရွေးချယ်မှုများအားလုံးကို ထည့်သွင်းစဉ်းစားတယ်။

82. I would rather... than... တာထက်... ရတာ ပိုကြိုက်တယ်။
1. I would rather read a book than watch TV.
2. I would rather listen to music than play video games.
3. I would rather drink tea than coffee.
4. I would rather spend time with family than with friends.
5. I would rather save money than spend it all.
1. တီဗီကြည့်တာထက် စာအုပ်ဖတ်ရတာ ပိုကြိုက်တယ်။
2. ဗီဒီယိုဂိမ်းကစားတာထက် သီချင်းနားထောင်ရတာ ပိုကြိုက်တယ်။
3. ကော်ဖီထက် လက်ဖက်ရည်သောက်ရတာ ပိုကြိုက်တယ်။
4. သူငယ်ချင်းတွေနဲ့ထက် မိသားစုနဲ့ အချိန်ဖြုန်းတာ ပိုကြိုက်တယ်။
5. အားလုံးကို ဖြုန်းတာထက် ပိုက်ဆံစုရတာ ပိုကောင်းပါတယ်။

83. add value to - တန်ဖိုးရှိစေတယ်၊ တန်ဖိုးတိုးစေတယ်၊ အကျိုးရှိစေတယ်
1. Sustainable practices add value to environmental conservation.
2. Regular exercise adds value to overall health and well-being.
3. Honesty and transparency add value to personal integrity.
4. Collaboration and teamwork add value to project success.
5. Setting clear goals adds value to personal achievements.
1. ရေရှည်တည်တံ့သော အလေ့အကျင့်များသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တန်ဖိုးရှိစေပါတယ်။
2. လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် အလုံးစုံကျန်းမာရေးနှင့် ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။
3. ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှုတို့သည် ပုဂ္ဂိုလ်ရေးဆိုင်ရာ သမာဓိကို တန်ဖိုးတိုးစေပါတယ်။
4. ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အဖွဲ့လိုက်လုပ်ဆောင်ခြင်းသည် ပရောဂျက်အောင်မြင်မှုအတွက် တန်ဖိုးရှိစေပါတယ်။
5. ပြတ်သားသောပန်းတိုင်များသတ်မှတ်ခြင်းသည် ကိုယ်ပိုင်အောင်မြင်မှုများကို တန်ဖိုးတိုးစေသည်။

84. No wonder... (... တာ မဆန်းပါဘူး/ အဆန်းမှ မဟုတ်တာ။)
1.No wonder I excel in math; I practice regularly.
2. No wonder the car won't start; it hasn't been serviced in years.
3. No wonder he looks upset; his favorite team lost the game.
4. No wonder the dog is barking; someone is at the door.
5. No wonder it tastes so delicious; the chef added secret spices.
1.ငါသင်္ချာမှာ ထူးချွန်တာ မဆန်းပါဘူး။ ငါမှန်မှန်လေ့ကျင့်လို့ ဖြစ်တယ်။
2. ကားစက်မနိုးတာ မဆန်းပါဘူး။  နှစ်အတော်ကြာ ပြင်ဆင်ထိန်းသိမ်းမှုမပေးခဲ့လို့​ဖြစ်တယ်။
3. သူစိတ်မကောင်းပုံပေါ်တာက မဆန်းပါဘူး။  သူကြိုက်တဲ့အသင်း ရှုံးသွားခဲ့လို့ ဖြစ်တယ်။
4. မဆန်းပါဘူး။
5. အရမ်းအရသာရှိတယ်ဆိုတာ အံ့သြစရာမရှိပါဘူး။  စားဖိုမှူးက လျှို့ဝှက်ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်လိုက်လို့ ဖြစ်တယ်။

85. 

No comments:

Post a Comment