Saturday 20 January 2024

အလွတ်ကျက်ထားသင့်သော ဝါကျ (၁၅၀)

1. I've just moved here.
ဒီကို အခုမှ ပြောင်းလာတာ။

2. I've just started working here.
ဒီမှာ အခုမှ အလုပ်စလုပ်တာ။

3. It's been a long time.
မတွေ့တာ ကြာပြီနော်။

4. How have you been?
ဘယ်လိုလဲ အ‌ဆင်ပြေလား?

5. Do you remember me?
ငါ့ကို မှတ်မိလား။

6. We met at the conference.
ငါတို့ အစည်းအဝေးမှာ တွေ့ခဲ့တာလေ။

7. Where are you from?
မင်း ဘယ်ကလဲ?

8. What's your native language?
မင်းရဲ့ မိခင်ဘာသာစကားက ဘာလဲ? 

9. Did you grow up here?
မင်းဒီမှာ ကြီးပြင်းတာလား။

10. Is your family here?
မင်းမိသားစုက ဒီမှာလား။

11. Do you have any siblings?
မင်းမှာ မောင်နှမတွေ ရှိလား။

12. How's your family?
မင်းမိသားစု နေကောင်းလား။

13. How are your children?
မင်း ကလေးတွေ နေကောင်းလား။

14. How are your parents?
မင်းမိဘတွေ နေကောင်းလား။

15. What do you do?
မင်း ဘာအလုပ် လုပ်လဲ။

16. How long have you been in your field?
မင်း မင်းရဲ့ အလုပ်နယ်ပယ်မှာ ဘယ်လောက်ကြာပြီလဲ။

17. How are things going at the IT department?
IT ဌာနမှာ ဘာတွေ ဘယ်လိုဖြစ်နေတာလဲ။

18. I was so busy today. How was your day?
ငါ ဒီနေ့ အလုပ် အရမ်းများတာ။ မင်းရော ဒီနေ့ ဘယ်လိုလဲ။

19. What are your plans for the weekend?
ပိတ်ရက်မှာ ဘာအစီအစဉ်တွေ ရှိလဲ။

20. The weather is so nice outside.
အပြင်မှာ ရာသီဥတု သာယာတယ်။

21. What a crazy weather!
ရာသီဥတု အပြောင်းအလဲ မြန်ပါ့လား။

22. It was sunny this morning and now it's pouring.
မနက်က နေသာတယ်၊ အခု မိုးသည်းနေတယ်။

23. Do you play sports?
မင်း sports ကစားလား။

24. What are your interests?
မင်း ဘာတွေ စိတ်၀င်စားလဲ။

25. I love your dress. It looks really nice on you.
မင်းရဲ့ ဂါ၀န်လေးကြိုက်တယ်။ မင်းနဲ့ တော်တော်လိုက်တယ်။

26. Your earrings are unique. Where did you get them?
မင်းနားကပ်လေးက စန်းတယ်နော်။ ဘယ်ကနေ ၀ယ်ခဲ့တာလဲ။

27. Thank you for the cake. It was delicious.
ကိတ်မုန့်အတွက် ကျေးဇူးပါ။ တော်တော်လေးကောင်းတယ်။

28. What was your first-ever job?
မင်းရဲ့ ပထမဦးဆုံးအလုပ်က ဘာလဲ။

29. What do you love about your job?
မင်းရဲ့ အလုပ်နဲ့ပတ်သတ်ပြီး ဘာကြိုက်လဲ။

30. What do you like to do in your spare time?
အားတဲ့အချိန် မင်း ဘာလုပ်ရတာကြိုက်လဲ။

1. Keep quiet. ငြိမ်ငြိမ်နေ
2. Listen to me. ငါပြောတာ နားထောင်
3. Look at me. ငါ့ကိုကြည့်
4. Look here. ဒီကိုကြည့်
5. I forgot. ငါ မေ့သွားပြီ။
6. Why are you not answering?
မင်းဘာလို့ မဖြေတာလဲ။
7. Why are you silent?
မင်းဘာလို့ ငြိမ်နေတာလဲ။
8. What is this? ဒါ ဘာလဲ။
‌9. What happened? ဘာဖြစ်တာလဲ။
‌10. What did you eat?
မင်း ဘာစားခဲ့လဲ။
11. How did you get hurt?
ဘယ်လို ခိုင်းမိတာလဲ?
12. Are you hungry?
မင်း ဗိုက်ဆာလား။
13. Are you thirsty?
မင်း ရေဆာလား။
14. Move aside. ဘေးဖယ်။
15. Your hands are dirty.
လက်တွေ ညစ်ပတ်နေတာပဲ။
16. Never give up.
ဘယ်တော့မှ အရှုံးမပေးနဲ့။
17. No problem. ကိစ္စမရှိဘူး။
18. Shut up. ပါးစပ်ပိတ်ထား။
19. Stand still. မတ်မတ်ရပ်။
20. Take a bite.  တစ်ကိုက် ကိုက်။
21. Take a sip. တစ်ငုံသောက်။
22. Walk slowly. ဖြည်းဖြည်းလျှောက်။
23. I am angry with you .
မင်းကို ဒေါသထွက်လာပြီ။
24. What time is it?
ဘယ်နှစ်နာရီထိုးပြီလဲ။
25. It's not your fault.
ဒါ မင်းအမှား မဟုတ်ဘူး။
26. Please don't blame yourself.
ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့။
27. Talk to you later.
နောက်မှ မင်းနဲ့စကားပြောမယ်။
28. Please forgive me.
ငါ့ကို ခွင့်လွှတ်ပါ။
29. My watch is slow.
ငါ့နာရီက နှေးနေတယ်။
30. Don't waste your time doing nothing.
ဘာမှမလုပ်ပဲ အချိန်မဖြုန်းနဲ့။

နေ့စဉ်သုံး အင်္ဂလိပ်စကားပြောဝါကျများ
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥

1. I usually wake up at 6 am.
ငါ များသောအားဖြင့် မနက် (၆) နာရီမှာနိုးတယ်။

2. I stay in bed about 10 minutes before I get up.
မထခင် ၁၀ မိနစ်လောက် အိပ်ယာထဲ လှဲနေသေးတယ်။

3. I wash my face, brush my teeth and take a shower.
ငါ မျက်နှာသစ် သွားတိုက်ပြီး ရေချိုးတယ်။

4. Then I dry and comb my hair.
အဲ့နောက် ရေသုတ်ပြီး ခေါင်းဖြီးတယ်။

5. I have breakfast around 8.
၈ နာရီလောက် မနက်စာ စားတယ်။

6. You are almost late for school.
မင်း ကျောင်းနောက်ကျတော့မှာ။

7. I'm full, mom.Thanks for the breakfast.
ဗိုက်ပြည့်ပြီ အမေ။ မနက်စာအတွက် ကျေးဇူး။

8. Hurry up or the bus will leave you behind!
မြန်မြန်လုပ် ဘတ်စ်ကားက မစောင့်ပဲနေလိမ့်မယ်။

9. Put your hat on. It's hot outside.
အပြင်က နေပူတယ်။ ဦးထုပ်ဆောင်းထား။

10. Dad's gone to work already.
အဖေက အလုပ်သွားနှင့်ပြီ။

11. Take a few more bites.
တစ်ကိုက် နှစ်ကိုက်လောက် ထပ်စားဦး!

12. We're going far from home today. Get ready in 10 minutes.
ဒီနေ့ အိမ်နဲ့ နည်းနည်းဝေးတဲ့ဆီ သွားမှာ။ ၁၀ မိနစ်အတွင်း အဆင်သင့်လုပ်ထား။

13. Can you stay still for a moment?
ခဏလောက် ငြိမ်ငြိမ်နေပေးလို့ရမလာ?

14. How can we get to the zoo?
တိရိစ္ဆာန်ရုံကို ဘယ်လို သွားလို့ရလဲ? 

15. We're going to take the bus to the city. 
မြို့ထဲသွားတဲ့ ဘတ်စ်ကားကိုစီးပြီး သွားမယ်။

16. Go get your shoes.
ဖိနပ်သွားယူ။

17. Now, we're at the entrance of the zoo.
အခု ငါတို့ တိရိစ္ဆာန်ရုံ ၀င်ပေါက် ရောက်ပြီ။

18. Did you lock the door before we leave?
ငါတို့ မထွက်ခင် မင်း တံခါး သော့ခတ်ခဲ့လား။

19. I've never seen such a big tiger like that before.
အရင်က အဲ့လောက်ကြီးတဲ့ ကျား တစ်ခါမှ မမြင်ဖူးဘူး။

20. Look! There's an elephant over there.
ကြည့်စမ်း.. ဟိုမှာ ဆင်ကြီး။

21. Wow! I want to look at it more closely.
နည်းနည်းကပ်ပြီး ကြည့်ချင်တယ်။

 22. Why don't you listen to me? Is it hurt?
ငါ့စကား ဘာလို့ နားမထောင်တာလဲ? နာလား? 

23. I've finished my meal, mom!
ကျနော် စားလို့ပြီးပြီ။

24. Do you want some more?
နောက်ထပ် ယူဦးမလား? 

25. There is no sunshine in our shady garden.
ခြံထဲမှာ နေမပူဘူး။ 

26. Get in the house right now!
အခုချက်ချင်း အိမ်ထဲ၀င်။

27. That's enough TV. Turn it off and do your homework, now!
TV ကြည့်တာ တော်ပြီ။ TV ပိတ်ပြီး အခု အိမ်စာလုပ်တော့။

28. Thanks mom for cheering me up.
ကျနော့်ကို အားပေးတဲ့အတွက် ကျေးဇူးပါအမေ။

29. Have you tidied up your room?
အခန်းသန့်ရှင်းရေး လုပ်ပြီးပြီလား။

30. No more talking, children!
ကလေးတွေ စကားထပ်မပြောတော့နဲ့။

လေဆိပ်သုံး အင်္ဂလိပ်စကားပြောဝါကျများ
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥

1. Where are you flying to today?
မင်း ဒီနေ့ဘယ်ကို သွားမှာလဲ။

2. Can I have your passport please?
မင်းရဲ့ Passport လေးကြည့်လို့ရမလား။

3. Do you have any bags to check in?
Check in လုပ်ဖို့ အိပ်တွေ ပါလား။

4. Please place your bag on the scale.
ပေါင်ချိန်စက်ပေါ်မှာ အိတ်ကိုတင်လိုက်ပါ။

5. Your baggage is overweight.
မင်းရဲ့အိတ်က အလေးချိန်ပိုနေတယ်။

6. You can take out some items or pay the overweight fee.
မင်းရဲ့ ပစ္စည်းအချို့ကို ထုတ်ချင်ထုတ်၊ ဒါမှမဟုတ် overweight fee ပေးချင်ပေးပါ။

7. How much do I need to pay?
ဘယ်လောက်ထပ်ပေးရမလဲ။

8. Do you have a carry-on?
လေယာဉ်ပေါ်ယူမယ့် luggage အသေးလေးပါသေးလား။ 

9. Here's your boarding pass.
ဒီမှာ မင်းရဲ့လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ပါ။

10. Your boarding time is 11:30.
လေယာဉ်ပေါ်တက်ရမယ့်အချိန်က 11 နာရီခွဲပါ။

11. Your gate number is 47.
Gate နံပါတ်က 47.

12. Could I change my seat?
ထိုင်ခုံ ပြောင်းလို့ရသေးလား။

13. window seat - ပြူတင်းပေါက်ဘေးက ထိုင်ခုံ
aisle seat - လျှောက်လမ်းဘေးက ထိုင်ခုံ

14. Do you have any liquids?
မင်းမှာ အရည်တွေပါလား။

15. If you have keys, cell phones and loose change in your pockets, please take them out.
အိတ်ကပ်ထဲမှာ သော့တွေ၊ ဖုန်းတွေနဲ့ အကြွေစေ့တွေ ပါလာရင် ထုတ်ထားပါ။

16. Please take off your belts and shoes.
ခါးပတ်နဲ့ ရူးဖိနပ်တွေကို ချွတ်ပါ။

17. Put them in a tray.
ဗန်းထဲကို ထည့်ပါ။

18. Please put laptops in a separate tray.
လက်တော့ပ်တွေကို ဗန်းနောက်တစ်ခုနဲ့သပ်သပ် ထည့်ပါ။

19. Please raise your hands.
လက်မြှေက်ပါ။

20. There has been a gate change.
ဂိတ်ပြောင်းလဲမှု ရှိပါတယ်။

21. Flight number AF 124 has been changed to gate 42.
လေယာဉ်နံပါတ် AF124 သည် ဂိတ် 42 ကိုပြောင်းလိုက်ပါပြီ။

22. Flight number AF124 to New York is boarding.
New York ကိုသွားမယ့် လေယာဉ်နံပါတ် AF124 လေယာဉ်ပေါ်ကို တက်နေပါပြီ။

23. Fasten your seatbelt.
ခါးပတ် ပတ်ပေးပါ။

24. Move your seat back to the upright position.
မင်းရဲ့ထိုင်ခုံကို ထောင်ပေးပါ။

25. Stow your tray table.
သင့်ရဲ့ စားပွဲဗန်းကို သိမ်းပေးပါ။

26. Raise your window blind.
ပြူတင်းပေါက် အကာကို တင်ပေးပါ။

27. Would you like chicken or fish?
ကြက်သား ယူမှာလား ငါးယူမှာလား။

28. I'll have the fish, please.
ကျနော် ငါးဟင်းယူပါမယ်။

29. Anything to drink?
ဘာသောက်ဦးမလဲ။

30. What kind of drinks do you have?
သောက်စရာတွေ ဘာရလဲ။

31. Have a safe flight!
ဘေးအန္တရာယ်ကင်းပါစေ။

ဟိုတယ်သုံး အင်္ဂလိပ်စကားပြောဝါကျများ
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥

ရေးသားသူ - ဆရာချစ် (မြစ်သား)

1. I'd like to make a reservation at your hotel.
ခင်ဗျားတို့ရဲ့ဟိုတယ်မှာ ကျနော် reservation လုပ်ချင်ပါတယ်။

2. What date would you like to make the reservation for?
ဘယ်နေ့အတွက် reservation လုပ်ချင်တာလဲ။

3. It's for July 4th.
ဇူလိုင်လ ၄ ရက်နေ့အတွက်ပါ။

4. How long will you be staying?
ဘယ်လောက်ကြာကြာနေမှာလဲ။

5. I will be staying for 2 nights.
(၂) ည နေပါမယ်။

6. What kind of room would you like?
ဘယ်လို အခန်းမျိုး လိုချင်ပါသလဲ။

7. I would like a single room, please.
တစ်ယောက်အခန်း ယူပါမယ်။

8. I would like 2 adjoining rooms, please.
ကပ်ရက်အခန်း ၂ ခန်း လိုချင်ပါတယ်။

9. What time do I check in?
Check in ဘယ်အချိန်မှာ လုပ်ရမှာလဲ။

10. I'm checking in. I have a reservation under the name of Sayar Chit.
ကျနော် check in လုပ်မလို့ပါ။ Sayar Chit နာမည်နဲ့ reservation လုပ်ထားပါတယ်။ 

11. I have a confirmation email.
ကျနော့်မှာ confirmation email ရှိပါတယ်။

12. What time is check out?
Check out က ဘယ်အချိန်လဲ။

13. I would like a wake-up call tomorrow at 8 o'clock.
ကျနော် မနက်ဖြန် (၈)နာရီလောက်မှာ wake up call လိုချင်ပါတယ်။

14. Do you offer a shuttle service to the airport?
လေဆိပ်ကို ကားဖယ်ရီ စီစဉ်ပေးလား။

15. Do you offer a dry-cleaning service?
ရေနဲ့ထိလို့မရတဲ့ အင်္ကျီတွေကို လျှော်ပေးတဲ့ ၀န်ဆောင်မှု ပေးလား။

16. I'd like to check out, please.
Check out လုပ်ချင်ပါတယ်။

17. The air conditioner doesn't work.
အဲကွန်းက ပျက်နေတယ်။

18. How much is it per night?
တစ်ည ဘယ်လောက်လဲ။

19. Call your manager. I need to talk to him.
မင်းတို့ရဲ့ မန်နေဂျာကို ခေါ်လိုက်။ ငါ သူနဲ့စကားပြောချင်တယ်။

20. The manager's gone back home, sir.
မန်နေဂျာက အိမ်ပြန်သွားပြီ။

ဆေးရုံဆေးခန်းသုံး အင်္ဂလိပ်စကားပြော
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥

1. How are you feeling?
ဘယ်လို ခံစားနေရလဲ။

2. What are your symptoms?
ရောဂါလက္ခဏာတွေက ဘာတွေလဲ။

3. I'm not feeling very well.
နေလို့ သိပ်မကောင်းဘူး။

4. I have chills.
ချမ်းစိမ့်နေတယ်။

5. I have a sore throat.
လည်ချောင်းနာနေတယ်။

6. I have a stomachache.
ဗိုက်အောင့်နေတယ်။

7. I have nausea.
အန်ချင်နေတယ်။

8. I am dizzy.
ခေါင်းမူးနေတယ်။

9. I have diarrhea.
၀မ်းသွားနေတယ်။ 

10. I have pain in my back.
နောက်ကျောအောင့်နေတယ်။

11. I've been coughing a lot.
ချောင်း တအားဆိုးနေတယ်။

12. I've been feeling tired these days.
ဒီရက်ပိုင်းတွေမှာ ခြေကုန်လက်ပန်းကျပြီး မောနေတယ်။

13. I can't sleep very well these days.
အခုရက်ပိုင်း အိပ်လို့ မရဘူး။

14. I'm constipated.
၀မ်းချုပ်နေတယ်။

15. I have blood in my stools.
သွေး၀မ်းတွေသွားနေတယ်။

16. I have blood in my urine.
ဆီးသွားတဲ့အခါ သွေးပါနေတယ်။

17. How long have you been feeling like this?
ဒီလိုခံစားနေရတာ ဘယ်လောက်ကြာပြီလဲ။

18. Your blood pressure is fine.
သွေးပေါင်ချိန်က ကောင်းတယ်။

19. Your blood pressure is high.
သွေးပေါင်တက်နေတယ်။

20. Your blood pressure is low.
သွေးပေါင်ကျနေတယ်။

21. My diagnosis is that you have the flu.
ဆေးစစ်ချက်အရ မင်းတုတ်ကွေးဖြစ်နေတယ်။

22. Take 1 tablet 3 times a day.
တစ်ခါသောက် 1 လုံး၊ တစ်နေ့ (၃)ကြိမ်သောက်။
Prescription - ဆေးစာ

23. Apply everyday for 2 weeks.
၂ ပတ်တိတိ နေ့တိုင်းလိမ်းပါ။

24. Let me take your temperature.
အပူချိန် တိုင်းကြည့်ရအောင်။

25. You have a slight fever.
မင်း ငွေ့ငွေ့လေး ဖျားနေတယ်။

26. I have a runny nose and can't stop sneezing.
နှာစေးနေတယ်။ နှာချေတာ မရပ်တော့ဘူး။ ‌တအားပဲ။

27. Open your mouth wide and say Ah!
ပါးစပ်ဟပြီး အာ လို ပြောပါ။

28. I'm writing you the prescription and you can buy the medicine from the pharmacy.
ငါ ဆေးစာရေးပေးမယ်။ ဆေးဆိုင်ကနေ ဆေး၀ယ်လိုက်ပါ။

29. You should have light food and drink lots of water.
အစာကြေလွယ်မယ့်အစာလေးတွေစား၊ ရေများများသောက်။

30. You should get plenty of rest.
ကောင်းကောင်း အနားယူသင့်တယ်။

War & Peace Vocabulary
🟥🟥🟥🟥🟥🟥🟥🟥🟥🟥

ရေးသားသူ - ဆရာချစ် (မြစ်သား)

1. Allies - မဟာမိတ်နိုင်ငံများ

eg. The United Nations is made up of allies working together to avoid war.
 ကမ္ဘာစစ်မဖြစ်ပွားအောင် ကမ္ဘာ့ကုလသမ္မဂကို   မဟာမိနိုင်ငံများစုပေါင်း၍ ဖွဲ့စီးထားသည်။

2. Civilians - ပြည်သူများ

eg. The civilians took up arms to fight for their country.
ပြည်သူများသည် သူတို့တိုင်းပြည်အတွက် လက်နက်ဆွဲကိုင် တိုက်ခိုက်ခဲ့ကြသည်။

3. Invade - ကျူးကျော်သည်။

eg. The enemy invaded the capital city.
ရန်သူများသည် မြို့တော်ကို ကျူးကျော်၀င်ရောက်ခဲ့သည်။

4. Violate - ချိုးဖောက်သည်။

eg. He violated human rights during the war.
စစ်ပွဲအတွင်း သူသည် လူ့အခွင့်အရေးများကို ချိုးဖောက်ခဲ့သည်။

5. Meddle - ၀င်ရောက်စွက်ဖက်သည်။

eg. The United States has been known to meddle in other country'd politics.
အမေရိကန်ပြည်ထောင်စုက အခြားတိုင်းပြည်ရဲ့ နိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက်လေ့ရှိသည်။

6. Blockade - ပိတ်ဆို့သည်။

eg. The enemy troops formed a blockade around the city.
ရန်သူ့တပ်ဖွဲ့များသည် မြို့တော်ပတ်ပတ်လည်ကို ပိတ်ဆို့ခဲ့သည်။

7. Propaganda - ဝါဒဖြန့်ခြင်း။

eg. Don't believe all of the propaganda distributed by the media.
မီဒီယာက ဝါဒဖြန့်သော သတင်းအားလုံးကို မယုံနဲ့။ 

8. Disinformation - သတင်းမှား။

eg. The media can manipulate its audiences with some clever disinformation.
မီဒီယာက သတင်းမှားတွေနဲ့ လူ‌တွေကို ကြိုးကိုင်ထိန်းချုပ်နိုင်သည်။

9. Cutting ties - အဆက်အသွယ် ဖြတ်တောက်ခြင်း

eg. A lot of companies and organizations are cutting ties with people who violate human rights.
ကုမ္ပဏီအများအပြားနဲ့ အဖွဲ့အစည်းများသည် လူ့အခွင့်အရေးချိုးဖောက်သောသူများနှင့် အဆက်အသွယ် ဖြတ်တောက်နေကြသည်။

10. Add fuel to the fire - မီးလောင်ရာလေပင့်

eg. Sometimes the media adds fuel to the fire by spreading lies and propaganda.
တခါတလေ မီဒီယာက မုသားတွေနဲ့ ဝါဒဖြန့်ပြီး ပဋိပက္ခတွေ မဖြစ် ဖြစ်အောင် မီးလောင်ရာ လေ့ပင့်တတ်လေ့ရှိသည်။

Don't play dumb with me. I know you took the money.
ငါ့ရှေ့မှာ ရူးချင်ယောင်ဆောင်မနေနဲ့။ ပိုက်ဆံ မင်းယူသွားတာ ငါသိတယ်။

My wife always pouts if she doesn't get what she wants.
ကျနော့်မိန်းမက သူလိုချင်တာမရရင် အမြဲတမ်း နှုတ်ခမ်းစူ တော့တာပဲ။

I paid off my debts.
အင်္ဂလိပ်စကားပြော ဝါကျများ
🟥🟥🟥🟥🟥🟥🟥🟥🟥🟥

ရေးသားသူ - ဆရာချစ်(မြစ်သား)

1. It's right in front of you.
အဲ့တာက မင်းရှေ့မှာ။

2. It's so much fun.
ပျော်စရာ အရမ်းကောင်းတယ်။

3. It's time for bed.
အိပ်ယာ၀င်ဖို့ အချိန်ကျပြီ။

4. Did you take a shower?
မင်း ရေချိုးခဲ့လား။

5. I feel strange.
ငါ ထူးဆန်းသလို ခံစားရတယ်။

6. This class is boring.
ဒီအတန်းက ပျင်းစရာကြီး။

7. I want to relax at home.
ငါ အိမ်မှာ အနားယူချင်တယ်။

8. The bank is closed.
ဘဏ်ပိတ်ထားတယ်။

9. Stop talking to me.
ငါ့ကို ပြောတာရပ်တော့။

10. I returned home by train.
ငါ အိမ်ကို ရထားနဲ့ ပြန်ခဲ့သည်။

11. This box is full of books.
ဒီသေတ္တာက စာအုပ်တွေနဲ့ ပြည့်နေတာ။

12. How long did you live in England?
မင်း အင်္ဂလန်မှာ ဘယ်လောက်ကြာကြာ နေခဲ့တာလဲ။

13. The supermarket opens at 10 o'clock.
စူပါမားကတ်က ၁၀ နာရီမှာ ဖွင့်တယ်။

14. Give me a hand with this bag.
ငါ့ကို ဒီအိပ်လေး သယ်ကူဦး။

15. I used to take a walk every morning.
ငါ မနက်တိုင်း လမ်းလျှောက်လေ့ရှိတယ်။

16.  Read after me.
‌ငါ့နော်က လိုက်ဆို။

17. I met nobody on my way home.
အိမ်ပြန်လမ်းမှာ ငါ့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး။

18. My wife is preparing dinner right now.
ငါ့ ဇနီးက အခု ညစာပြင်နေတယ်။

19. I fell in love with her at first sight.
ငါ သူမကို မြင်မြင်ချင်း ချစ်သွားပြီ။

20. Don't make so much noise. I'm working.
အရမ်းမဆူနဲ့။ ငါ အလုပ် လုပ်နေတယ်။

21. How many are there in your family?
မင်း မိသားစုမှာ မိသားစု၀င်အရေအတွက် ဘယ်လောက်ရှိလဲ။

22. What would you like to eat?
ဘာစားချင်လဲ။

23. Could you tell me the quickest way to get there?
အဲဒီကို ရောက်ဖို့ အမြန်ဆုံးလမ်းကို ပြောပြနိုင်မလား။

24. Would you please give me a hand?
ကျေးဇူးပြု၍ ငါ့ကို ကူညီပါ့လား။

25. Who do you think you are talking to?
မင်းစကားပြောနေတာ ဘယ်သူလို့ထင်နေတာလဲ။

26. He was absent yesterday. Do you know why?
သူ မနေ့က မလာဘူး။ ဘာလို့လဲ မင်းသိလား။

27. What do you plan to do tomorrow?
မနက်ဖြန် မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ။

28. I usually go to bed at about midnight.
ည သန်းခေါင်လောက်မှ ငါ အိပ်ယာ၀င်တယ်။

29. I'm afraid that I have to go.
ငါသွားရတော့မယ်။ အားနာလိုက်တာ။

30. What's the matter with you?
မင်း ဘာဖြစ်နေတာလဲ။

31. Mary gave birth to a baby last week.
လွန်ခဲ့တဲ့အပတ်က မယ်ရီ ကလေးမွေးခဲ့တယ်။ 

32. He does exercises every day in the morning.
သူ နေ့တိုင်း မနက်မှာလေ့ကျင့်ခန်းလုပ်တယ်။

33. That house is for sale. 
အဲ့အိမ်က ရောင်းမှာ။

34. Let me introduce my friend to you.
မင်းကို ငါ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးပါရစေ။

35. We're planning a tour to Italy this summer.
နွေရာသီမှာ အီတလီကို ခရီးသွားဖို့ စီစဉ်နေတယ်။

36. You should always depend on yourself rather than someone else.
အခြားသူကို အားကိုးတာထက် မင်း ကိုယ့်ကိုယ်ကို အားကိုးသင့်တယ်။

37. I have a lot in common with my sister.
ငါ နဲ့ ငါ့ညီမမှာ တူတာတွေ အများကြီးရှိတယ်။

38. Can you wake me up at 7 o'clock tomorrow morning?
မနက်ဖြန်မနက် မင်း ငါ့ကို နှိုးပေးလို့ရလား။

39. He is taking a walk.
သူ လမ်းလျှောက်နေတယ်။

40. Cut the cake with a knife.
ဓါးနဲ့ ကိတ်မုန့်ကို လှီးလိုက်။

41. Can I keep this?
ဒါလေး သိမ်းထားလို့ရမလား။

42. I can't stand this cold.
ဒီအအေးဒဏ်ကို ငါ မခံနိုင်ဘူး။

43. I will be here from Monday to Thursday.
တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ ငါ ဒီမှာ ရှိမယ်။

44. The ship is now in the harbor.
သ‌‌င်္ဘောက အခု ဆိပ်ကမ်းမှာ။

45. He is always friendly to me.
သူက အမြဲတမ်းငါ့ကို ဖော်ရွေတယ်။

46. The train was crowded.
ရထားက လူပြည့်ညှပ်နေတာ။

47. Draw a line on the paper.
စာရွက်ပေါ်မှာ မျဉ်းတစ်ကြောင်း ဆွဲပါ။

48. What did you say?
မင်း ဘာပြောလိုက်တာလဲ။

49. We are out of tissue paper.
ငါတို့ တစ်ရှူးကုန်နေပြီ။

50. Fill out this application form.
ဒီလျှောက်လွှာကို ဖြည့်ပါ။

Sayar Chit (Myittha)

#sayarchit
#learnenglish

No comments:

Post a Comment