Tuesday 5 March 2024

Time အကြောင်းပြောမယ်

In time              =   အချိန်မီ။
On time             =   အချိန်မှန်။
At times             =   တစ်ခါတစ်ရံ။
Behind the times =   ခေတ်နောက်ကျနေပြီ။
Time's up           =   အချိန်စေ့သွားပြီ။
Take your time    =  အေးအေးဆေးဆေးလုပ်ပါ။
It's high time       =  အချိန်လိုအပ်နေပြီ ။ အချိန်ကောင်းနေပြီ။
It's about time     =  အချိန်တန်နေပြီ။
Ran out of time    =  အချိန်ကုန်သွားပြီ။

ကျွန်တော်တို့ နေ့စဉ်ပြောဆိုနေရသော အထက်ပါအကြောင်းအရာလေးတွေကို ဥပမာလေးတွေနဲ့ လေ့လာကြည့်ကြရအောင်...

(1) I arrived at the station just in time.
ကျွန်တော် ဘူတာရုံကို အချိန်မီရုံလေး ရောက်သွားတယ်။

(2) You're just in time, Michael . We were about to leave without you.
မိုက်ကယ် မင်းအချိန်မီရုံလေးပဲ..မင်းမပါပဲ ငါတို့သွားကြတော့မလို့။

(3) Did you get to the station in time?
မင်း ဘူတာကို အချိန်မီ ရောက်သွားသလား။

(4) In Singapore the trains are always on time.
စင်္ကာပူမှာ ရထားတွေဟာ အမြဲအချိန်မှန်တယ်။

(5) The meeting starts at 9 am , try to be on time.
အစည်းအဝေးက မနက် ၉ နာရီမှာ စတယ်။ အချိန်မှန်အောင် ကြိုးစားပါ။

(6) It's very important to be punctual for your appointments.
ချိန်းဆိုမှုတွေအတွက် အချိန်မှန်ဖို့ အရေးကြီးပါတယ်။

(7) Be on time !
အချိန်မှန်ပါစေ။

(8) Michael earns three times more than me.
မိုက်ကယ်က ကျွန်တော့်ထက် လစာ ၃ ဆပိုရတယ်။

(9) Learning a language takes time.
ဘာသာစကားသင်တာက အချိန်ပေးရပါတယ်။

(10) There is no hurry . Take your time.
လောဖို့ (မြန်ဖို့) မလိုပါဘူး။ အေးအေးဆေးဆေးလုပ်ပါ။

(11) This time tomorrow, I'll be in Thailand.
မနက်ဖြန် ဒီအချိန်ဆို ကျွန်တော် ထိုင်းရောက်နေပြီ။

(12) Seven  times out of ten, he is right.
ဆယ်ခါမှာ ခုနှစ်ခါ သူက မှန်တယ်။

(13) You can borrow five books at a time.
မင်း တစ်ခါငှားရင် စာအုပ် ၅ အုပ် ငှားနိုင်ပါတယ်။

(14) Give me a call next time when you're in town.
နောက်တစ်ခါ မြို့ရောက်ရင် ကျွန်တော့်ကို ဖုန်းဆက်နော်။

(15) I get depressed at times.
တစ်ခါတစ်ရံ ကျွန်တော် စိတ်ဓာတ်ကျတယ်။

(16) Mom is a bit behind the times.
 အမေကလည်း နည်းနည်းခေတ်နောက်ကျနေပြီ။

(17) It's about time you got yourself a proper job.
မင်း သင့်တော်တဲ့အလုပ်တစ်ခု လုပ်ဖို့ အချိန်တန်နေပြီ။

(18) It is high time you cleaned your room.
မင်းရဲ့ အခန်းကို သန့်ရှင်းရေးလုပ်ဖို့ ကောင်းနေပြီနော်။

(19) You're lazy , it's high time you started working hard.
မင်းက ပျင်းလိုက်တာကွာ..ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ ကောင်းနေပြီ။

(20) Time's up, have you worked out the answer yet?
အချိန်စေ့သွားပြီ။ မင်းတို့ စာမေးပွဲဖြေလို့ ပြီးပြီလား။

(21) I didn't finish the test.I ran out of time.
ကျွန်တော်စာမေးပွဲဖြေတာ မပြီးသေးဘူး။ အချိန်က ကုန်သွားပြီ။

(22) I'd like to come on Monday. Would that be a good time?
ကျွန်တော် တနင်္လာနေ့လာချင်တယ်။  အဆင်ပြေပါ့မလား။

(23) Our staff are availalbe to help you at all times.
ကျွန်တော်တို့ ၀န်ထမ်းတွေက ခင်ဗျားအကူအညီလိုအပ်ရင် အမြဲခေါ်လို့ရပါတယ်ခင်ဗျာ။

(24)  I don't know if she's the best choice for the job, only time will tell.
 သူမဟာ အလုပ်အတွက် အသင့်တော်ဆုံးလားဆိုတာ ကျွန်တော်မသိပါဘူး။ အချိန်ကတော့ ပြောလာပါလိမ့်မယ်။

(25) I like Michael but he's very annoying at times.
 ကျွန်တော် မိုက်ကယ်ကို သဘောကျပေမယ့်  သူက တစ်ခါတစ်လေ အလွန်စိတ်တိုဖို့ ကောင်းတယ်။

" ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ကြပြီး အင်္ဂလိပ်စာတိုးတက်ကြပါစေ.........."

credit; Basic English - Myanmar

No comments:

Post a Comment